ဇာတ်ကားများ ရွေးရန်

Surrender To It

2026ဇာတ်ကားအမှတ် 6.0/1083 မိနစ်

Surrender To It (2026) IMDb Rating (6.5) ဒါနီက ကြေကွဲစရာ မတော်တဆမှုတစ်ခုမှာ သားဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီကိစ္စရဲ့နောက်ဆက်တွဲအရ အိမ်ထောင်ရေးပါ ထိခိုက်လာတဲ့အတွက် တစ်ချိန်က ပြဇာတ်သင်တန်းမှာ သိကျွမ်းခဲ့တဲ့သူငယ်ချင်းတွေနဲ့ ပြန်ဆုံစည်းပြီးတော့ ဝေလနယ်တောပိုင်းဘက်ကို ခရီးစဉ်တစ်ခုထွက်လာခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အဲ့ဒီခရီးစဉ်ဟာ သာမန်ခရီးစဉ်တစ်ခုမဟုတ်ပဲ ထူးခြားတဲ့နေရာဒေသ၊ နောက်ခံသမိုင်းကြောင်း ဒဏ္ဍာရီထဲကဆန်းကြယ်ဖြစ်ရပ်တွေ စိတ်ထင်ယောင်မှားမှုတွေနဲ့အတူ အားလုံးဟာ ကိုယ့်ကိုယ်ကိုပြန်ရှာဖွေဖို့ စိတ်ဒဏ်ရာတွေကို ကုစားဖို့ အမှန်ကိုမြင်နိုင်ဖို့ခရီးစဉ်တစ်ခုဖြစ်လာခဲ့ပါတော့တယ်။ ဇာတ်လမ်းအကြောင်းအရာက လေးနက်ပေမယ့် သူငယ်ချင်းဇာတ်ကောင်တွေကြားက သဘာ၀ကျလှတဲ့ Chemistry၊ ပေါ့ပါးတဲ့ဟာသကွက်တွေနဲ့ဇာတ်လမ်းကိုပျင်းစရာမဖြစ်အောင်ထိန်းထားနိုင်ပါတယ်။ ဇာတ်ကောင်တွေနဲ့ Subplots တွေများပြားနေပေမယ့် ပရိသတ်နားလည်မှုရှုပ်ထွေးမသွားအောင် ထိန်းကျောင်းပြသွားတာလည်းမိုက်ပါတယ်။ Drama/Comedy ကိုမှ သည်းထိတ်ရင်ဖိုလေး ပါးပါးထည့်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ File size… (1.1 GB) / (680 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Mystery Duration…. 01:23:58 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း