ဇာတ်ကားများ ရွေးရန်

Evel

2026ဇာတ်ကားအမှတ် 5.0/1085 မိနစ်

Evel (2026) IMDb Rating (4.1) ကယ်ရီကငယ်ရွယ်ထက်မြက်တဲ့ရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး အရေးပါတဲ့စီးပွားရေးစာချုပ်တစ်ခုအတွက် လျှို့ဝှက်ဥပဒေရေးရာ စာရွက်စာတမ်းများကို သွားရောက်ပေးပို့ဖို့တာဝန်ပေးခံရပါတယ်။ အဲ့ဒီခရီးကို သူက အင်ပိုင်ယာကော်ပိုရေးရှင်းရဲ့နောက်ဆုံးပေါ်ဒေးဗစ်ဆိုတဲ့ AI စနစ်ပါဝင်တဲ့ အဆင့်မြင့်အလိုအလျောက်မောင်းနှင်စနစ်သုံးကားနဲ့ထွက်ခွာလာခဲ့ပါတယ်။ ဒါပေမယ့် မမျှော်လင့်ပဲ ကားရဲ့စနစ်ချို့ယွင်းသွားပြီး သူ့ကို ကားထဲမှာပိတ်လှောင်ထားလိုက်ပြီးထွက်ပြေးမရအောင်ပိတ်ဆို့ထားလိုက်ပါတယ်။ အဲ့ဒါအပြင် ကားရဲ့ အေအိုင်စနစ်က သူ့ရဲ့ဒစ်ဂျစ်တယ်အချက်အလက်အထောက်အထားတွေကို ဖျက်ဆီးပစ်လိုက်ပြီး သူ့ကို လိုရာသုံးမယ့် အကြံအစည်နဲ့သူဌေးကြီးတစ်ယောက်ဆီပို့ဆောင်ဖို့ကြံစည်ထားတဲ့ လျှို့ဝှက်အစီအစဉ်တွေပေါ်ပေါက်လာချိန်မှာတော့ ကယ်ရီတစ်ယောက် အေအိုင်တစ်ယောက်နဲ့ဉာဏ်ချင်းယှဉ်ပြိုင် လွတ်လမ်းရှာရဖို့ဖြစ်လာပါတော့တယ်။ ခေါင်းဆောင်မင်းသမီး Athena Park ရဲ့သရုပ်ဆောင်ချက်တွေနဲ့တစ်ကားလုံးဆွဲခေါ်သွားနိုင်တဲ့ကားပါ။ သူ့ရဲ့ ထက်မြက်ပါးနပ်တဲ့ သရော်မော်ကား မထီမဲ့မြင်အမူအယာတွေက ဇာတ်ရုပ်ရော ပတ်ဝန်းကျင်အခြေအနေနဲ့ပါကွက်တိကျလိုက်ဖက်လှပါတယ်။ဇာတ်ကောင်နဲ့ အေအိုင်ကြားက အပြန်အလှန်စကားပြောခန်းတွေမှာပါတဲ့ မရေရာမှုတွေ တင်းမာမှုတွေကလည်း အဆုံးထိဆက်ကြည့်ချင်အောင်ဆွဲဆောင်နိုင်ပါတယ်။ လှည့်ကွက်တွေလည်းမိုက်ပြီး ကြည့်ကောင်းတဲ့ AI အခြေပြု Sci-fi/Horror နောက်တစ်ကားပါပဲ။ File size… (1.3 GB) / (790 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Science Fiction,Thriller Duration…. 01:25:45 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း