ဇာတ်ကားများ ရွေးရန်

North Hollywood

2021ဇာတ်ကားအမှတ် 5.7/1094 မိနစ်

လော့စ်အိန်ဂျလိစ်က North Hollywood မှာ နေတဲ့ အထက်တန်းကျောင်းသား မိုက်ကယ်မှာ အသည်းအသန်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ပရော်ဖက်ရှင်နယ် စကိတ်စီးသမားတစ်ယောက် ဖြစ်လာဖို့ပါ။ မိခင်မရှိတော့တဲ့ မိုက်ကယ်ရဲ့ ဒီရည်မှန်းချက်ကို အဖေက သဘောမတူပါဘူး။ အဖေက သူ့သားကို အထက်တန်းပြီးရင် ကောလိပ်ဆက်တက်ပြီး ပညာရေးဘက်မှာ ရှေ့ဆက်စေချင်ပါတယ်။ မိုက်ကယ်ကတော့ စကိတ်စီးသမားဖြစ်ဖို့ဆို ဘာကိုပဲ စတေးရစတေးရ အသင့်ဖြစ်နေသူပါ။ အဖေဖြစ်စေချင်တာနဲ့ ကိုယ်ဖြစ်ချင်တာကြားက လူငယ်တစ်ယောက်ရဲ့ ဘဝကို အေးအေးဆေးဆေး ပြောပြထားပြီး ဟာသထက် ဒရာမာဘက် ပိုယိမ်းတဲ့ ၂၀၂၁ ခုနှစ်ထွက် ဇာတ်ကားဖြစ်ပါတယ်။ ကိုယ့်ဆန္ဒနောက် လိုက်လျှောက်တဲ့ လူငယ်တစ်ယောက်ရဲ့ခရီးမှာ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အရေးပါပုံကိုလည်း ထည့်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း