ဇာတ်ကားများ ရွေးရန်

Moonshot

2022ဇာတ်ကားအမှတ် 6.9/10104 မိနစ်

Walt က ငယ်ငယ်ကတည်းက အာကာသတစ်ခွင် လျှောက်သွားချင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ပါ။ ကောလိပ်ကျောင်းသားတွေကို အင်္ဂါဂြိုလ်ဆီ ပို့ပေးနေတဲ့ Kovi Industries Student Mars Program ရှိပေမယ့် သူ့ရဲ့ အင်္ဂါဂြိုလ်သွားခွင့် လျှောက်ထားမှုက အကြိမ်ကြိမ် ပယ်ချခံနေရတယ်။ သူ့ရည်းစားကလည်း အင်္ဂါဂြိုလ်မှာ အလုပ်လုပ်နေသူတစ်ယောက် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ Walt က ထူးချွန်တဲ့ကျောင်းသူ Sophie နဲ့ တွေ့ဆုံခဲ့တယ်။ Sophie ရဲ့ ရည်းစား Kelvin ကလည်း အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေပြီး တစ်နေ့တော့ Sophie က သူ့ရည်းစားဆီ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အင်္ဂါဂြိုလ်သွားချင်လွန်းနေတဲ့ Walt က ဒီအခွင့်အရေးကို အသုံးချပြီး Sophie ကတစ်ဆင့် အာကာသယာဉ်ပေါ် ခိုးလိုက်လာခဲ့တယ်။ Walt ခိုးလိုက်လာတာကို Sophie သိသွားတဲ့နောက် အာကာသခရီးစဉ်တစ်လျှောက် နှစ်ယောက်သား ဘယ်လိုရှေ့ဆက်ကြမလဲ။ အင်္ဂါဂြိုလ်ပေါ်က သူတို့ရဲ့ ရည်းစားတွေနဲ့ရော ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ဟာသနဲ့ အချစ်ဇာတ်လမ်း ရောစပ်ထားတဲ့ ၂၀၂၂ ခုနှစ်ထွက် သိပ္ပံစိတ်ကူးယဉ်ကားပါ။

ဇာတ်လမ်းအကြောင်း