Kuyank
Kuyank (2026) IMDb Rating (5.8) Kuyank (၂၀၂၅) ရုပ်ရှင်ကားကတော့ အင်ဒိုနီးရှား သည်းထိတ်ရင်ဖို ဒရာမာ ဇာတ်ကားသစ်လေးဖြစ်ပြီး ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး Saranjana: Kota Ghaib ရုပ်ရှင်ရဲ့ အကြိုဇာတ်လမ်း (Prequel) ဖြစ်ပါတယ်။ ဒီကားကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ JAFF ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး ၂၀၂၆ ဇန်နဝါရီလမှာ ရုံတင်ခဲ့တာပါ။ ဇာတ်လမ်းကတော့ Saranjana တံခါးကြီး မပွင့်ခင် ၇ နှစ်အလို ကာလီမန်တန် ဒေသက ရေပေါ်ရွာလေး တစ်ရွာမှာ အခြေတည်ထားပါတယ်။ ရွတ်စ်မီယာတီ ဆိုတဲ့ အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူ ဘက်ဒရီ ရဲ့ အချစ်တွေ လျော့ပါးသွားမှာကို အရမ်းစိုးရိမ်နေခဲ့ပါတယ်။ ဖိအားတွေများလာတဲ့အခါ သူမဟာ ယောကျ်ားဖြစ်သူရဲ့ အချစ်ကို ဆက်ထိန်းထားနိုင်ဖို့နဲ့ အမြဲတမ်း နုပျိုလှပနေစေဖို့အတွက် Kuyang လို့ခေါ်တဲ့ အောက်လမ်းပညာကို လျှို့ဝှက်သင်ယူခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အောက်လမ်းပညာက သူတို့ရွာလေးဆီကို ကျိန်စာသင့်သလို ဆိုးရွားတဲ့ အကျိုးဆက်တွေ ယူဆောင်လာပါတော့တယ်။ ညဘက်တွေဆိုရင် ရွာထဲက ကိုယ်ဝန်ဆောင်သည်တွေနဲ့ မွေးကင်းစ ကလေးငယ်တွေဟာ ဆက်တိုက်ဆိုသလို အန္တရာယ်ပြုခံရပြီး သားကောင်ဖြစ်လာကြပါတယ်။ အဲဒီကနေ ရွာသားတွေနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမှာပါ။ သရုပ်ဆောင်တွေအနေနဲ့ ဘက်ဒရီ အဖြစ် ရီယို ဒီဝမ်တို၊ ရွတ်စ်မီယာတီ အဖြစ် ပူထရီ အင်တန် ကာဆီလာ တို့က အဓိကပါဝင်ထားပြီး ဒါရိုက်တာ ဂျိုဟန်ရှား ဂျမ်ဘီရန် က ရိုက်ကူးထားတာပါ။ အင်ဒိုနီးရှားရဲ့ ရိုးရာသရဲယုံကြည်မှုတွေကို အချစ်ဇာတ်လမ်းလေးနဲ့ သေချာလေး ရောနှောပြီး ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေးမို့ ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။ File size… (1.3 GB) / (820 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Horror,Mystery Duration…. 01:39:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း