The Mummy: Bride of the Dead
The Mummy [2026] ++++++++++ လူတွေဟာ ဘယ်လောက်ပဲ အာဏာနဲ့စည်းစိမ်တွေ ကြီးမားနေပါစေဦးတော့ သေခြင်းတရားကို ရင်ဆိုင်ရမယ့်အချိန်ရောက်လာပြီဆိုရင် ထာဝရအသက်ရှင်ဖို့အတွက် ဘာမဆိုလုပ်တတ်ကြစမြဲပါပဲ။ ဒါရိုက်တာ Maurice Chauvet ရိုက်ကူးပြီး နာမည်ကျော် The Asylum ရဲ့ ၂၀၂၆ ခုနှစ် ဧပြီလမှာဖြန့်ချိခဲ့တဲ့ ဒီဇာတ်ကားထဲမှာတော့ အဲဒီလိုလောဘနဲ့အတ္တကြီးတဲ့အစပျိုးမှုကနေ ဇာတ်လမ်းစတင်ခဲ့တာပါ။ ဇာတ်လမ်းထဲမှာ သေခါနီးဖြစ်နေတဲ့ဘီလျံနာသူဌေးကြီးရဲ့ဇနီးဖြစ်သူ ရှာလော့က ခင်ပွန်းဖြစ်သူ အသက်ဆက်ရှင်နိုင်ဖို့အတွက် ထာဝရရှင်သန်မှုကိုပေးနိုင်တယ်ဆိုတဲ့ ရှေးဟောင်းရုပ်တုတစ်ခုကိုလိုက်လံရှာဖွေရင်းနဲ့ အီဂျစ်ဗေဒပညာရှင် ရောဘတ်ဆီ ရောက်ရှိသွားခဲ့ပါတယ်။ ရောဘတ်ဆီမှာရောက်နေတဲ့မမ်မီက သာမန်ရှေးဟောင်းရုပ်တုမဟုတ်ဘဲ သူ့အဘေးလက်ထက်ကတည်းက အမွေအနေနဲ့ဆက်ခံသိမ်းဆည်းလာခဲ့ပြီး ယဇ်ပူဇော်ခံခဲ့ရတဲ့ရှေးဟောင်းကျိန်စာသင့်မမ်မီတစ်ခုဖြစ်နေခဲ့တာပါ။ ရှာလော့နဲ့အဖွဲ့ဟာ အဲဒီရှေးဟောင်းရုပ်တုနဲ့ မမ်မီရဲ့တားမြစ်ထားတဲ့မှော်အစွမ်းတွေထဲမှာ ထာဝရအသက်ကိုပေးနိုင်မယ့်လျှို့ဝှက်ချက်တွေပါတယ်လို့ ယုံကြည်ပြီး အတင်းအကျပ်ရယူဖို့လုပ်ပါတော့တယ်။ အဲဒီနောက်မှာတော့ အဲဒီကျိန်စာသင့်မမ်မီက ရှေးအတိတ်က သူ့ကိုယဇ်ပူဇော်ခဲ့သူတွေရဲ့သွေးစက်တွေအတိုင်း လက်ရှိမှာ သူ့ကိုနှောင့်ယှက်လာသူမှန်သမျှကို တစ်ယောက်မကျန် လိုက်လံသုတ်သင်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလိုသတ်ဖြတ်တဲ့နေရာမှာ ရောဘတ်ရဲ့သမီးဖြစ်သူ အစ္စဘယ်လ်ရဲ့ကိုယ်ခန္ဓာထဲကို အဲဒီမမ်မီက ဝင်ရောက်ပူးကပ်ပြီးလုပ်ဆောင်တတ်တဲ့အတွက် ရောဘတ်ကို သွေးပျက်စေခဲ့ပါတယ်။ Jon Jacobs ၊ Lisa Zane ၊ Apoorva Mittra နဲ့ Siena Goines တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်ကားထဲမှာ ကိုယ်ချစ်ရတဲ့သမီးလေးကို မကောင်းဆိုးဝါးပူးကပ်နေပြီး ကိုယ်တိုင်လည်း အသက်အန္တရာယ်ကြုံလာရတဲ့အခါ အဲဒီသေမင်းရဲ့သတို့သမီးရုပ်တုရန်ကနေ ဘယ်လိုများလွတ်မြောက်အောင် တိုက်ပွဲဝင်ကြရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ File Size… (1.38GB) / (781MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 35m Genre …Horror Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း