Family Matters
Family Matters (2006) +++++++++++++++++++++++ တစ်အိမ်တည်းမှာ အတူနေကြတဲ့ မိသားစုဝင်တွေက ကိုယ့်အတွက် အားကိုးစရာဖြစ်မလား၊ ဒါမှမဟုတ် နေ့တိုင်းခေါင်းကိုက်စရာ ပြဿနာတွေပဲ ပေးနေမလား။ တစ်ချိန်က အလားအလာရှိတဲ့ အကပညာရှင်တစ်ယောက်ဖြစ်ခဲ့တဲ့ မင်ဂယောင်းဟာ အခုတော့ မြို့လေးတစ်မြို့မှာ အကသင်တန်းကျောင်းလေးဖွင့်ပြီး ဘဝကို ရုန်းကန်နေသူပါ။ ဒါပေမဲ့ သူ့အတွက် အခက်ခဲဆုံးက အလုပ်အကိုင်မဟုတ်ဘဲ အိမ်မှာရှိနေတဲ့ မိသားစုဝင်တွေပါပဲ။ အိမ်ကနေ မကြာခဏထွက်ပြေးတတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းနေတဲ့ အဖေ၊ ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်ပေမဲ့ ဇာတ်ညွှန်းတစ်ခုတောင် အပြီးမရေးနိုင်ဘဲ အလုပ်လက်မဲ့ဖြစ်နေတဲ့ ခင်ပွန်း၊ ပြီးတော့ ကိုယ့်အဖေကိုတောင် “ဦးလေး” လို့ ခေါ်တတ်တဲ့ သားလေးတစ်ယောက်နဲ့ မင်ဂယောင်းရဲ့ နေ့စဉ်ဘဝကတော့ အေးအေးချမ်းချမ်းဆိုတာ မရှိသလောက်ပါပဲ။ မိသားစုဝင်တွေကြားက နားလည်မှုလွဲမှားတာတွေ၊ ရယ်စရာကောင်းတဲ့ နေ့စဉ်အရှုပ်အထွေးတွေနဲ့ တစ်ခါတလေ စိတ်မောစရာကောင်းတဲ့ မိသားစုဘဝအကြောင်းကို သဘာဝကျကျ တင်ဆက်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မိသားစုဆိုတာ ပြည့်စုံနေဖို့ထက် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနားလည်ပေးကြမလဲဆိုတာ ပိုအရေးကြီးကြောင်း သတိပေးသလိုမျိုး ဇာတ်ကားကောင်းလေးတစ်ကားမို့ ကြည့်ကြည့်ဖို့ ညွှန်းချင်ပါတယ်နော်။ File Size - 1.7 GB/ 858 MB Quality - AMZN WEB-DL 1080p/ 720p Duration - 1h 45m Format - mp4 Genre - Comedy, Drama Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း