The Djinn's Curse 2
"ချစ်ရသူရဲ့ ဝိညာဉ်ကို ပြန်ခေါ်ဖို့အတွက်... မကောင်းဆိုးဝါးတွေရဲ့ ကမ္ဘာထဲကို ဝင်ရဲလား" ထိုင်းဟော်ရာပရိသတ်တွေအတွက် ကြက်သီးဖျန်းဖျန်းထစေမဲ့ ဂျင်ဇာတ်ကားကြီးရဲ့အဆက် ထွက်ရှိလာပါပြီ။ အရင်ကားမှာတုန်းက ဂျင်ဆိုတဲ့ မကောင်းဆိုးဝါးရဲ့ ခြောက်လှန့်မှုတွေနဲ့ အသည်းယားခဲ့ရပေမဲ့ ဒီ Part 2 မှာတော့ ပိုပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ဆက်လက်ခြောက်လှန့်ဦးမှာပါ။ Cast ပိုင်းမှာတော့ ပရိသတ်မင်းသားကြီး Yotsawat Tawapeeနဲ့ မင်းသမီးလေး Mim Rattawadee တို့က ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းကတော့ ဘူဒိုတောင်ခြေရွာလေးရဲ့ တောအုပ်ထဲမှာ ပျောက်ဆုံးသွားခဲ့တဲ့ ဒင်နာဆိုတဲ့ အမျိုးသမီးလေး ပြန်ရောက်လာရာကနေ စတင်ပါတယ်။ ဒါပေမဲ့ ပြန်ရောက်လာတဲ့ ဒင်ယာနာဟာ အရင်လို သာမန်မဟုတ်တော့ဘဲ အရမ်းကို ကြမ်းတမ်းရက်စက်တဲ့ အပြုအမူတွေ လုပ်လာတဲ့အခါ... ခင်ပွန်းဖြစ်သူ အာနတ်ခမျာ မတတ်သာတဲ့အဆုံး ကိုယ်ချစ်ရတဲ့ ဇနီးသည်ကို ကိုယ်တိုင် လက်နဲ့ သတ်ပစ်လိုက်ရပါတော့တယ်။ ဇာတ်လမ်းက ဒီမှာတင် ပြီးသွားတာ မဟုတ်ပါဘူး။ ဇနီးဖြစ်သူ သေဆုံးသွားပြီးနောက်မှာတော့ အာနတ်တစ်ယောက် ဒင်နာရဲ့ ဝိညာဉ်ကို ဂျင်တွေရဲ့ ပရလောကနယ်ပယ်ကနေ ဘယ်လို ပြန်ခေါ်လာရမလဲဆိုတာကို နည်းလမ်းရှာဖွေရပါတော့တယ်။ အမှောင်လောကထဲက ဝိညာဉ်ကို ပြန်လုယူဖို ကြိုးစားရင်း အာနတ်တစ်ယောက် ဘယ်လို ထိတ်လန့်စရာတွေနဲ့ ထပ်ပြီး ရင်ဆိုင်ရမလဲ... သူချစ်ရတဲ့ ဇနီးသည်ရဲ့ ဝိညာဉ်ကိုရော တကယ်ပဲ ပြန်ကယ်တင်နိုင်ပါ့မလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ အချိန်ပေးရကျိုးနပ်အောင် ဇာတ်ရှိန်တက်တက်နဲ့ ကြောက်ရမဲ့ကားမို့လို ညဘက် တစ်ယောက်တည်း မကြည့်ဘဲ အဖော်နဲ့ ကြည့်ဖို အကြံပေးလိုက်ရပါတယ်ဗျာ။
ဇာတ်လမ်းအကြောင်း