ဇာတ်ကားများ ရွေးရန်

Kaguya-sama: Love Is War

2019ဇာတ်ကားအမှတ် 7.5/10

Kaguya-sama: Love Is War (2019) ဒီဂျပန်ဇာတ်ကားလေးကတော့ နာမည်ကြီးမန်ဂါကာတွန်းကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းဖန်တီးထားတဲ့ ကျောင်းသားလူငယ်အချစ်ဟာသဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Kawai Hayato က ရိုက်ကူးထားပြီး အဆိုတော်မင်းသားချောလေး Hirano Sho နဲ့ The Vacation Principle က အိုင်ဒေါမင်းသမီးလေး Hashimoto Kanna တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ရှူချင်အင်းကျောင်းတော်ဟာ မင်းမျိုးမင်းနွယ်နဲ့ အထက်တန်းလွှာက သားသမီးတွေအတွက် ဖွင့်လှစ်ထားပေမဲ့ တကယ်ပညာထူးချွန်သူတွေကိုလည်း တက်ရောက်ခွင့်ပေးထားတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ကျောင်းတော်ဖြစ်ပါတယ်။ ကျောင်းသားကောင်းစီဥက္ကဋ္ဌ ရှီရိုဂါနဲ မီယူကီဟာ သာမန်မိသားစုကဖြစ်ပေမဲ့ ရုပ်ချော ပညာထူးချွန်ပြီး ရှီနိုမီယာလုပ်ငန်းရဲ့ ထောက်ခံချက်ကို ရရှိထားသူပါ။ ဒုဥက္ကဋ္ဌ ရှီနိုမီယာ ခါဂူယာကတော့ ဘက်စုံထူးချွန်သူဖြစ်ပြီး ဂျပန်နိုင်ငံမှာ အဆင့် ၄ ဖြစ်တဲ့ သူဋ္ဌေးကြီးရဲ့သမီးကြီးဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်နေကြတယ်လို့ အားလုံးက ပြောဆိုနေကြပြီး အချင်းချင်းလည်း အပြန်အလှန် တိတ်တခိုး သဘောကျနေကြပါတယ်။ ဒါပေမဲ့ မာနတွေနဲ့ ကိုယ်စီချမှတ်ထားတဲ့စည်းမျဉ်းတွေကြောင့် ချစ်နေတာကို ဖွင့်မပြောနိုင်ကြဘဲ သူ့ဘက်က အရင် စပြီး ဖွင့်ပြောလာနိုးနဲ့ လှည့်ကွက်တွေ အပြိုင်ထုတ်သုံးရင်း ဘယ်လိုအလွဲလွဲအချော်ချော်ဖြစ်ကြမလဲဆိုတာ... File size…1.67GB / 790MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Comedy, Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း