ဇာတ်ကားများ ရွေးရန်

Kaguya-sama Final: Love Is War

2021ဇာတ်ကားအမှတ် 8.4/10

Kaguya-sama: Love Is War - Final (2021) ဒီဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Kaguya-sama Love Is War ရဲ့အဆက်ပါ။ ဒါရိုက်တာ Kawai Hayato က ရိုက်ကူးထားပြီး အဆိုတော်မင်းသားချောလေး Hirano Sho နဲ့ The Vacation Principle က အိုင်ဒေါမင်းသမီးလေး Hashimoto Kanna တို့ကပဲ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ရှူချင်အင်းကျောင်းတော်မှာ ကျောင်းသားကောင်စီဥက္ကဋ္ဌရာထူးအတွက် ယှဉ်ပြိုင်အရွေးခံခဲ့ကြတဲ့ ရှီရိုဂါနဲ မီယူကီနဲ့ ရှီနိုမီယာ ခါဂူယာတို့ဟာ ယခင်အတိုင်းပဲ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌအဖြစ် ကျောင်းသားကောင်စီမှာ ပြန်ပြီး တာဝန်ယူခွင့်ရခဲ့ကြပါတယ်။ ယခင်အတိုင်း အတူတူနေခွင့်ရလာချိန်မှာ သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံတွေဟာလည်း လျော့မသွားဘဲ ပိုပိုပြီးသာ တိုးလာခဲ့ပါတယ်။ ဒါပေမဲ့ အထက်တန်းစီနီယာကျောင်းသားတွေ ဖြစ်လာတာနဲ့အမျှ ရှေ့ဆက်ရမယ့် ဘဝလမ်းကြောင်းကို ရွေးချယ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ရှီရိုဂါနဲမီယူကီကတော့ ပညာရေးမှာထူးချွန်သူပီပီ အမေရိကက နည်းပညာတက္ကသိုလ်ကို လျှောက်ထားခဲ့ပါတယ်။ ရှီနိုမီယာခါဂူယာကတော့ သူ့အဖေ ချမှတ်ထားတဲ့ ပြည်တွင်းတက္ကသိုလ်ကိုပဲ တက်ရောက်ရမှာဖြစ်ပါတယ်။ အတူဆုံခွင့် နည်းလာချိန်မှာ မာနနဲ့သိက္ခာထက် ကိုယ်စီအချစ်ကို ရင်ဖွင့်ပြောချင်နေကြတဲ့ သူတို့နှစ်ယောက်ဟာ နှစ်စဉ် ကျောင်းမှာကျင်းပမြဲဖြစ်တဲ့ပွဲတော်ကို အခွင့်ကောင်းယူဖို့ စဉ်းစားထားခဲ့ကြပါတယ်။ ရှုပ်ယှက်ခတ်နေတဲ့ ပွဲတော်အချိန်အခါမှာ အနှောင့်အယှက်အတားအဆီးတွေကို ဖယ်ရှားပြီး ဘယ်သူက အရင်ဆုံး ရိုမန်တစ်ဆန်ဆန် ချစ်ခွင့်ပန်နိုင်မလဲ တကယ်ရော သူတို့အတွက် ပျော်စရာဇာတ်သိမ်းဖြစ်လာပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရှုစားရမှာဖြစ်ပါတယ်။ File size…1.65GB / 780MB Quality… BluRay 1080p/ 720p Format…mp4 Duration….1 hr. 56 min. Genre ….. Comedy, Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း