ဇာတ်ကားများ ရွေးရန်

Shaun the Sheep: The Beast of Mossy Bottom

2026ဇာတ်ကားအမှတ် 7.4/1081 မိနစ်

Shaun the Sheep: The Beast of Mossy Bottom [2026] +++++++++++++++++++++ အင်္ဂလိပ်စာ လေ့လာနေသူတွေ အရမ်းပညာရမဲ့ ရုပ်ရှင် Shaun the Sheep: The Beast of Mossy Bottom (၂၀၂၆) ရုပ်ရှင်ကားလေးကတော့ နာမည်ကြီး Aardman Animations ကနေ ထုတ်လုပ်ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ အသစ်ထွက်ရှိထားတဲ့ Stop-motion အန်နီမေးရှင်း ဟာသ စွန့်စားခန်း ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားဟာ Shaun the Sheep ရုပ်ရှင်တွေထဲမှာ တတိယမြောက် ထွက်ရှိလာတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဟယ်လိုဝင်း (Halloween) ပွဲတော်ကာလကို ရောက်လာချိန် Mossy Bottom ခြံထဲက တိရစ္ဆာန်လေးတွေဟာ သူတို့ လျှို့ဝှက်စိုက်ပျိုးထားတဲ့ ဖရုံသီးခင်းလေးအတွက် အရမ်းကို စိတ်လှုပ်ရှားနေကြရာကနေ စတင်ပါတယ်။ ဒါပေမဲ့ ခြံပိုင်ရှင် (The Farmer) ရဲ့ ပေါ့ဆမှုကြောင့် သူတို့ အရမ်းမြတ်နိုးတဲ့ ဖရုံခင်းလေး ပျက်စီးသွားပါတော့တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သိုးလေး ရှောင်န် (Shaun) တစ်ယောက် "ရူးသွပ်တဲ့ သိပ္ပံပညာရှင်" (Mad Scientist) အဖြစ် ပြောင်းလဲပြီး ကြိုးစားရာကနေ အခြေအနေတွေက မထင်မှတ်ထားဘဲ ပိုဆိုးလာပါတော့တယ်။ အဲဒီအချိန်မှာပဲ ခြံပိုင်ရှင်ကြီးကလည်း ရုတ်တရက် ပျောက်ဆုံးသွားသလို၊ Mossingham တောအုပ်ထဲမှာလည်း ကြောက်စရာ တောရိုင်းသားရဲကောင်ကြီး တစ်ကောင် ရောက်နေတဲ့အတွက် အခြေအနေတွေ ဗြောင်းဆန်ကုန်ပါတော့တယ်။ သိုးလေး ရှောင်န်၊ ခွေးလိမ္မာလေး ဘစ်ဇာ (Bitzer) နဲ့ သူငယ်ချင်းတွေ အားလုံးပေါင်းပြီး ဒီရှုပ်ထွေးနေတဲ့ ပြဿနာတွေကို ဘယ်လို ဟာသမြောက်စွာ ဖြေရှင်းမလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီကားလေးကို ဒါရိုက်တာ စတိဗ် ကောက်စ် (Steve Cox) နဲ့ မက်သရူး ဝေါလ်ကာ (Matthew Walker) တို့က ပူးပေါင်းရိုက်ကူးထားတာပါ။ အရင် Shaun the Sheep ကားတွေလိုပဲ မိသားစုလိုက် ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ ကြည့်လို့ကောင်းတဲ့ အန်နီမေးရှင်း ဇာတ်ကားကောင်းလေးဖြစ်လို့ သေချာပေါက် ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။ File Size… (1.42GB) / (848MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 37m Genre …Animation , Comedy , Family Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း