The Cycle
The Cycle [2026] ++++++++++ လူတွေရဲ့ဘဝမှာ မိသားစုရဲ့အမှောင်ဖုံးနေတဲ့အတိတ်ဆိုတာ ဘယ်တော့မှ ပျောက်ကွယ်သွားနိုင်စရာမရှိပါဘူး။ ဒါရိုက်တာ Jordan Downey ရိုက်ကူးပြီး နာမည်ကျော် Shudder ပလက်ဖောင်းကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၃ ရက်မှာ ဖြန့်ချိခဲ့တဲ့ "The Cycle" ဇာတ်ကားထဲမှာလည်း မိသားစုရဲ့ကြေကွဲစရာအတိတ်ဆိုးကြီးနဲ့ သည်းထိတ်ရင်ဖိုစုံစမ်းထောက်လှမ်းမှုတွေ ရောပြွမ်းနေတာကို တွေ့ရမှာပါ။ ဇာတ်လမ်းထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ဒေါက်တာမက်ဂ်ဂါလန်းက လူ့ခန္ဓာကိုယ်တွေ ပုပ်သိုးပြိုကွဲပုံကိုလေ့လာပြီး လူသတ်မှုအမှုဟောင်းတွေကိုဖော်ထုတ်ပေးတဲ့ ခန္ဓာကိုယ်လေ့လာရေးခြံဝင်းကိုဦးစီးနေတဲ့ မှုခင်းမနုဿဗေဒပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သေးငယ်တဲ့မြို့လေးတစ်မြို့မှာ မိခင်နဲ့သမီးဖြစ်သူတို့ ရက်စက်စွာအသတ်ခံရတဲ့အမှုတစ်ခုကိုစုံစမ်းဖို့ ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီရာဇဝတ်မှုကျူးလွန်ရာနေရာအနီးမှာ ရဲတပ်ဖွဲ့တွေက အံ့သြစရာကောင်းလောက်အောင် ပုပ်ပွပျက်စီးခြင်းမရှိဘဲ ထူးဆန်းစွာတည်ရှိနေတဲ့လူအလောင်းတစ်လောင်းကို ထပ်မံတွေ့ရှိခဲ့ရပါတယ်။ စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ အဲဒီအလောင်းဟာ လွန်ခဲ့တဲ့ ၃၆ နှစ်ကတည်းက ပျောက်ဆုံးသွားခဲ့ပြီး ငယ်စဉ်ကတည်းက မိသားစုကိုစွန့်ခွာသွားခဲ့တဲ့ မက်ဂ်ရဲ့ဖခင်အရင်း ပီတာဖြစ်နေကြောင်း တုန်လှုပ်စရာကောင်းအောင် သိရှိလိုက်ရပါတော့တယ်။ အလောင်းမှာ တိရစ္ဆာန်ရိုင်းတိုက်ခိုက်ခံထားရတဲ့ဒဏ်ရာလက္ခဏာမျိုး တစ်စုံတစ်ရာမှမရှိဘဲ ထူးဆန်းစွာလတ်ဆတ်နေတာကြောင့် စုံစမ်းစစ်ဆေးသူတွေကို ပိုလို့တောင် ဦးနှောက်ခြောက်စေခဲ့ပါတယ်။ ဒီလိုနဲ့ မက်ဂ်ဟာ ဒေသခံရဲအရာရှိတွေဖြစ်တဲ့အီယန်၊ သူ့အဖေ မာ့ခ်စ်တို့နဲ့ပူးပေါင်းပြီး ဖခင်ဖြစ်သူရဲ့ပျောက်ဆုံးနေတဲ့အတိတ်နဲ့ဒီလူသတ်မှုတွေကြားက ဆက်စပ်မှုကို စတင်ဖော်ထုတ်ပါတော့တယ်။ တူးဖာ်စစ်ဆေးတာနဲ့အမျှ ဖခင်ဖြစ်သူရဲ့ဘဝနောက်ကွယ်မှာ သာမန်လူသားတွေမသိနိုင်တဲ့ အမှောင်ဖုံးနေပြီးကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်ကြီးတစ်ခု ကိန်းအောင်းနေတယ်ဆိုတာကို တစ်စချင်းစီသိရှိလာရပါတော့တယ်။ Deborah Ann Woll ၊ Jeffrey Donovan နဲ့ Will Hochman တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ဒီဇာတ်ကားထဲမှာ မှုခင်းစုံစမ်းထောက်လှမ်းမှုရသနဲ့အတူ နောက်ပိုင်းမှာ ပေါက်ကွဲထွက်လာမယ့် တိရစ္ဆာန်ဆန်ဆန်ကြောက်စရာဟော်ရာမြင်ကွင်းတွေကို ရင်တထိတ်ထိတ်နဲ့ အစအဆုံး စိတ်လှုပ်ရှားစွာခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ File Size… (1.43GB) / (792MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 51m Genre …Crime , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း