ဇာတ်ကားများ ရွေးရန်

About My Father

2023ဇာတ်ကားအမှတ် 6.1/1090 မိနစ်

ဆီဘက်ရှန်တို့ဟာ အီတလီနိုင်ငံ စစ္စလီကျွန်းကနေ အမေရိကန်နိုင်ငံ ချီကာဂိုကို ပြောင်းရွှေ့လာတဲ့ မန်နီစကယ်ကိုမျိုးနွယ် မိသားစုပါ။ ဖခင်ရဲ့ တင်းကြပ်တဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့တဲ့ ဆီဘက်ရှန်ဟာ ရှိတာနဲ့ ရောင့်ရဲဖို့၊ ရှက်တတ်ကြောက်တတ်ဖို့ သင်ယူခဲ့ရတယ်။ သူ့ချစ်သူ အယ်လီကတော့ ပွင့်ပွင့်လင်းလင်း နေတတ်တဲ့ အမေရိကန်သူဖြစ်ပြီး မျိုးရိုးမြင့် ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာသူပါ။ အယ်လီ့ကို လက်ထပ်ခွင့်တောင်းဖို့ အချိန်ကောင်းကို စောင့်နေတုန်း သူ့မိသားစုက ဆီဘက်ရှန်ကို ဗာဂျီးနီးယားမှာရှိတဲ့ နွေရာသီစံအိမ်ဆီ အားလပ်ရက် လာလည်ဖို့ ဖိတ်လိုက်ပါတယ်။ ဒီခရီးမှာ ဆီဘက်ရှန်ရဲ့အဖေပါ လိုက်လာတော့ အစကတည်းက တကျက်ကျက်ဖြစ်တတ်တဲ့ သားအဖနှစ်ယောက်အတွက် ပိုရှုပ်လာတော့တယ်။ ယဉ်ကျေးမှုနဲ့ နေထိုင်ပုံ မတူတဲ့ မိသားစုနှစ်စု ဆုံကြတဲ့အခါ ဆီဘက်ရှန်တစ်ယောက် ဂွကျတတ်တဲ့ သူ့အဖေနဲ့ ချစ်သူ့မိသားစုကြားမှာ ဗျာများရပါတယ်။ သားက သူ့အဖေအကြောင်း ဖောက်သည်ချသလို တင်ဆက်ထားတဲ့ အမေရိကန်ဟာသရုပ်ရှင်ဖြစ်ပြီး သားအဖအဖြစ် Sebastian Maniscalco နဲ့ Robert De Niro တို့ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း