ဇာတ်ကားများ ရွေးရန်

Veins (aka) Nervures

2026ဇာတ်ကားအမှတ် 5.5/1094 မိနစ်

Veins (2026) IMDb Rating (5.5) Isabelle ဆိုတဲ့ မိန်းကလေးက အဝေးရောက်နေတာ ကြာပြီဖြစ်တဲ့ ကွီဘက် (Quebec) ပြည်နယ်က တောအုပ်ကြီးထဲမှာရှိတဲ့ သူမရဲ့ မွေးရပ်မြေ ရွာငယ်လေးဆီကို ချစ်သူမိန်းကလေးနဲ့အတူ ပြန်လာခဲ့ပါတယ်။ နေမကောင်းဖြစ်နေတဲ့ အဖေဖြစ်သူကို လူမမာမေးဖို့ ပြန်လာခဲ့တာပါ။ ဒါပေမဲ့ ရွာရောက်တော့ အဖေက ဆုံးပြီး သင်္ဂြိုဟ်ပြီးသား ဖြစ်နေသလို၊ အမေဖြစ်သူကလည်း စိတ်မမှန်ဘဲ ထူးဆန်းနေတာကို တွေ့လိုက်ရတယ်။ တကယ်တော့ အဲဒါတွေက အိမ်နားက အငြိမ်းစားဆရာဝန်ကြီးက ရွာသားတွေကို ဒေသထွက်အပင်ကရတဲ့ "လျှို့ဝှက်ဆေးရည်" တစ်မျိုး တိုက်နေတာကြောင့် ဖြစ်နေတာပါ။ အဲဒီဆေးက နာကျင်မှုကို ပျောက်ကင်းစေပေမဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ မှတ်ဉာဏ်တွေ ပျောက်၊ ဆံပင်တွေ ကျွတ်ပြီး အဆိုးဆုံးကတော့ လူသားခန္ဓာကိုယ်ကို သစ်ပင်၊ သစ်မြစ်တွေနဲ့ ရောယှက်ပြီး အပင်သတ္တဝါတွေအဖြစ် ပြောင်းလဲသွားစေတာပါပဲ။ ဒီလိုနဲ့ မိခင်ဖြစ်သူနဲ့ ရွာသားတွေက တဖြည်းဖြည်း သစ်ပင်တွေအဖြစ် ပြောင်းလဲနေပြီး isabelle တစ်ယောက် ဒီအသည်းယားစရာ ကပ်ဆိုးကြီးထဲကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် သဘာဝလွန် Bio-horror ကားပဲ ဖြစ်ပါတယ်။ File size… (1.1 GB) / (810 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Fantasy,Horror,Thriller Duration…. 01:36:15 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း