ဇာတ်ကားများ ရွေးရန်

Never After Dark

2026ဇာတ်ကားအမှတ် 7.3/10104 မိနစ်

Never After Dark [2026] +++++++++++++ IMDb Rating (6.9) / Rotten Tomatoes (98%) Never After Dark (၂၀၂၆) ကတော့ ဒီနှစ် SXSW ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို အများကြီးရထားတဲ့ ဂျပန် သဘာဝလွန် သည်းထိတ်ရင်ဖို သရဲကားကောင်းလေး တစ်ကားပါ။ ဒါရိုက်တာ Dave Boyle ရိုက်ကူးထားပြီး Rotten Tomatoes မှာ ၉၈ ရာခိုင်နှုန်းအထိ ရထားတဲ့ ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အိုင့်ရီ လို့ခေါ်တဲ့ နတ်ဝင်သည်မလေး တစ်ယောက်အကြောင်းပါ။ အိုင့်ရီ က သေဆုံးသွားတဲ့ သူ့အစ်မဖြစ်သူ မိခူရဲ့ ဝိညာဉ်လေးနဲ့အတူ အမြဲသွားလာနေပြီး လမ်းလွဲနေတဲ့ ဝိညာဉ်တွေကို တမလွန်ကို ပို့ဆောင်ပေးတဲ့ အလုပ်ကို လုပ်ပါတယ်။ သူက ဝိညာဉ်ကမ္ဘာနဲ့ လူ့ကမ္ဘာကြား အတားအဆီးတွေ ပိုအားကောင်းပြီး လုံခြုံတဲ့ နေ့ဘက်တွေမှာပဲ ဒီအလုပ်ကို လုပ်လေ့ရှိတာပါ။ တစ်နေ့မှာတော့ ဝေးလံခေါင်ဖျားတဲ့ တောရွာက အိမ်ကြီးတစ်လုံးဆီကို ဝိညာဉ်နှင်ထုတ်ပေးဖို့ သူ အခေါ်ခံရပါတယ်။ အဲဒီကိုရောက်တဲ့အခါ အိုင်းရီး တစ်ယောက် အရင်က တစ်ခါမှ မကြုံဖူးလောက်အောင် စွမ်းအားကြီးပြီး ရုပ်ဆိုးကြောက်စရာကောင်းတဲ့ သရဲကြီးတစ်ကောင်နဲ့ ရင်ဆိုင်ရပါတော့တယ်။ အဲဒီအိမ်ကြီးရဲ့ အတိတ်က လျှို့ဝှက်ချက်တွေကို ဆက်ပြီး တူးဖော်ကြည့်ချိန်မှာတော့ ကြောက်စရာကောင်းတဲ့အတိတ်တွေ ပေါ်ပေါက်လာပါတော့တယ်။ သရုပ်ဆောင်တွေအနေနဲ့ နတ်ဝင်သည် အိုင့်ရီ အဖြစ် Moeka Hoshi၊ အစ်မဖြစ်သူ မိခု အဖြစ် Kurumi Inagaki၊ ဂွန်ဂျီ အဖြစ် Kento Kaku တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ပုံမှန် သရဲကားတွေလို ရုတ်တရက် လန့်အောင်လုပ်တဲ့ကားမျိုး မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ လူ့သဘာဝရဲ့ အမှောင်ဘက်ခြမ်းကို သေချာလေး ရိုက်ပြထားတဲ့ ဇာတ်ကားမျိုးကို သဘောကျတယ်ဆိုရင်တော့ ဒီကားလေးကို သေချာပေါက် ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။ File Size… (1.41GB) / (670MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 45m Genre …Horror , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း