Jigris
Jigris 2025 သူငယ်ချင်း လေးယောက် IMDb 7.5 ဇာတ်လမ်းက အေးတယ်ထင်ရပေမဲ့ စကြည့်မိပြီဆိုတည်းက ပြီးသွားတဲ့အထိကို ဇာတ်လမ်းနဲ့အတူ စီးမျောသွားတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဇာတ်ကားရှာရခက်နေတဲ့လူတွေအတွက် ဒီကားလေးကို ညွှန်းဆိုလိုက်ရပါတယ်။ ကင်ဆာရောဂါ နောက်ဆုံးအဆင့်ရောက်သွားတဲ့ ပရာရှန့်။ သူ့အခြေအနေ သူသိတာဆိုတော့ ဘဝရဲ့နောက်ဆုံးလက်ကျန်ရက်တွေကို ကုထုံးတွေ ဆေးတွေကြားထဲမှာ မကုန်ဆုံးချင်ဘဲ စိတ်ကြိုက် လုပ်ချင်ရာတွေလုပ်ပြီး နောင်တကင်းကင်းနဲ့ ထွက်ခွာသွားဖို့ ဆုံးဖြတ်ထားသူပေါ့။ မိဘတွေကလည်း ဒီအကြောင်းကိုသိတော့ ပရာရှန့်ရဲ့ အနီးကပ်ပေါင်းနေတဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး အကူအညီလှမ်းတောင်းပါတယ်။ သူငယ်ချင်းတွေကလည်း သတင်းကြားတာနဲ့ လုပ်နေတဲ့အလုပ်တွေပစ်ချပြီး သူငယ်ချင်းဆီ သတင်းလာမေးကြတယ်ပေါ့။ ပြောရရင် အလုပ်ကိုယ်စီတွေနဲ့ နိုင်ငံခြားရောက်တဲ့လူကရောက်ဆိုတော့ ခုလိုမဆုံဖြစ်တာ နှစ်အတော်ကြာနေပြီပေါ့။ ဒီလိုနဲ့ သူငယ်ချင်းတွေ သောက်ကြ စားကြရင်း ဂိုအာမြို့ဆီသွားမယ်ဆိုပြီး စိတ်ကူးပေါက်ကြပါလေရော။ ညဘက် ကားအစုတ်လေးတစ်စီးနဲ့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အရှိန်လေးကလည်း ကောင်းနေတော့ ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားထဲကအတိုင်း ပါလာသမျှ ဖုန်းတွေ ပိုက်ဆံအိတ်တွေကို လမ်းဘေးစွန့်ပစ်ခဲ့ပြီး လွတ်လွတ်လပ်လပ် ဂိုအာမြို့ဆီ ခရီးတစ်ခေါက် ထွက်လာကြပါတော့တယ်....။ ကဲ ပိုက်ဆံလည်းမရှိ ဆက်သွယ်လို့လည်းမရတဲ့သူတို့တွေရဲ့ ခရီးလမ်းမှာ ဘယ်လို အလွမ်း အဆွေး ကြည်နူးပျော်စရာတွေ ကြုံတွေ့သွားမလဲဆိုတာ သူတို့နဲ့အတူ ခရီးထွက်လိုက်ရအောင်လား။ File size… 2.7 GB / 1.66 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 20m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း