ဇာတ်ကားများ ရွေးရန်

Possessed

2026ဇာတ်ကားအမှတ် 5.0/1096 မိနစ်

ယုံကြည်မှုနဲ့ အမှန်တရားကြားက ကြောက်မက်ဖွယ် ပဟေဠိတစ်ခု… ဘန်ကောက်မှာ သူနာပြုလုပ်နေတဲ့ နက်ဟာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ဗီဇာစောင့်ဆိုင်းနေစဉ်အတွင်း နာမကျန်းဖြစ်ရာကနေ ပြန်လည်သက်သာလာတဲ့ မိခင်ကို ပြုစုစောင့်ရှောက်ဖို့ မွေးရပ်မြို့လေးဆီ ပြန်လာခဲ့ပါတယ် တစ်ညမှာတော့ ဒေသခံဆေးရုံရဲ့ ညဆိုင်းတာဝန်ထမ်းဆောင်နေစဉ် နက်ဟာ ပယောဂနှင်ထုတ်တဲ့ အစီအရင် မအောင်မြင်ခဲ့တာကြောင့် သရဲပူးကပ်ခံရပါတယ်ဆိုတဲ့မက်ဆိုသူကို တွေ့ခဲ့ပါတယ် သဘာဝလွန်ဖြစ်ရပ်တွေကို မယုံကြည်တဲ့ နက်ကတော့ မက်ရဲ့အခြေအနေဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုသာဖြစ်တယ်လို့ ယူဆခဲ့ပါတယ် မက် ရုတ်တရက် သေဆုံးသွားပြီးနောက်မှာတော့ သူ့ဆီမှာ တွေ့ခဲ့ရတဲ့ ထူးဆန်းကြောက်မက်ဖွယ် လက္ခဏာတွေဟာ နက်ရဲ့မိခင်နဲ့ မက်ရဲ့အရင်းနှီးဆုံးသူငယ်ချင်း ကေတို့ဆီမှာပါ တစ်စတစ်စဖြစ်ပေါ်လာရာကနေ ကိုယ်တိုင်ယုံကြည်ထားတဲ့ သိပ္ပံနည်းကျ အယူအဆတွေနဲ့ ရှင်းပြလို့မရတဲ့ ဖြစ်ရပ်ဆန်းတွေကို ဆက်တိုက်ရင်ဆိုင်လာရတဲ့အခါ နက်တစ်ယောက် သူမရဲ့ယုံကြည်ချက်တွေပေါ် သံသယဝင်လာခဲ့ပါတော့တယ် အဲဒီမကောင်းဆိုးဝါးရဲ့ ခြိမ်းခြောက်မှုက သူမနဲ့ တဖြည်းဖြည်း နီးကပ်လာတဲ့အခါ… မျက်စိနဲ့မြင်ရတဲ့ အမှန်တရားနဲ့ မမြင်ရပေမဲ့ ယုံကြည်နေရတဲ့ အရာတွေကြားမှာ နက်တစ်ယောက် ဘယ်လိုရွေးချယ်မလဲ မိခင်ကို ကယ်တင်ဖို့ ကြိုးစားရင်း သူမကိုယ်တိုင်ရော ဒီကြောက်မက်ဖွယ် အဖြစ်ဆိုးကနေ လွတ်မြောက်နိုင်ပါ့မလား… ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ

ဇာတ်လမ်းအကြောင်း