ဇာတ်ကားများ ရွေးရန်

Immortal

2026ဇာတ်ကား131 မိနစ်

Immortal 2026 မသေမျိုး ရုံတင်ပြီး တစ်ပတ်အတွင်း ကန်ဒေါ်လာ ၅သန်းအထိ ရခဲ့တဲ့ သဘာဝလွန် ဖြစ်ရပ်ဆန်းကားလေး တင်ဆက်‌ပေးချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကျောက်ခေတ်လူသားတွေခေတ်တုန်းကပေါ့...။ ကလေးအရမ်းချစ်တတ်တဲ့ ကိုယ်ဝန်ဆောင် ဇနီးမောင်နှံတစ်တွဲ ရှိခဲ့တယ်။ မွေးလာမဲ့ကလေးက သားသားလေးလား မီးမီးလေးလားနဲ့ နေ့စဉ်နဲ့အမျှ တွေးရင်း ကြည်နူးမိကြတဲ့ လင်မယားတွေပေါ့။ ဒါပေမဲ့ မွေးလာတဲ့ကလေးက ကံဆိုးစွာနဲ့ပဲ လူသားတစ်ယောက်မဟုတ်ခဲ့တော့ မတတ်သာတဲ့အဆုံး သွားစွန့်ပစ်ခဲ့ရတယ်။ ဝံပုလွေတွေပေါများတဲ့နေရာမှာ စွန့်ပစ်ခဲ့တာမို့ ‌ေ-သဆုံးပြီလို့ပဲ တွက်ထားခဲ့ကြတာပေါ့....။ မျက်မှောက်ခေတ်မှာတော့ မာဂီက အရေးတကြီး အိမ်ပြောင်းဖို့ အိမ်လိုက်ရှာနေလေရဲ့။ ငှားရမ်းခတွေ ခေါင်ခိုက်နေတဲ့ကာလမှာ ဈေးပေါပေါပဲပဲနဲ့ ကြယ်ငါးပွင့်ဟိုတယ်အခန်းလို အိမ်ကြီးတစ်လုံး သူတွေ့သွားခဲ့တယ်။ ထူးဆန်းတာက အဲဒီအိမ်မှာ အိမ်ရှင်အမျိုးသမီးလေး တစ်ယောက်တည်းနေတာပါတဲ့လေ။ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲ ဆိုသလို ချက်ချင်းကို အိမ်ပြောင်းတော့တာပေါ့။ အိမ်ရှင်ကလည်း နတ်မိမယ်လိုချောမောပြီး သဘောကောင်းသူတစ်ယောက် ဒီလိုနဲ့နေလာရင်း ထူးဆန်းတာက မာဂီ့စိတ်ထဲကတွေးနေတာတွေက အပြင်မှာ တကယ်ဖြစ်လာခဲ့တာပါ။ တစ်ခါ နှစ်ခါမက တိုက်ဆိုင်တာတွေများလာလေတော့ သံသယဝင်လာတဲ့ မာဂီနဲ့ ပုံမှန်မဟုတ်တဲ့ လောကကြားက အားပြိုင်မှုတွေကို ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size… 1.6 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း