Darkness Falls
Darkness Fall ဆိုတဲ့ မြို့လေးမှာ မတ်တေလ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ကလေးတွေက ချစ်ခင်ကြပါတယ်။ ဒါပေမဲ့ တစ်နေ့ သူ့အိမ်မီးလောင်တဲ့အခါ မျက်နှာမှာပါ မီးလောင်ဒဏ်ရာ ရသွားခဲ့တယ်။ နောက်ပိုင်း မြို့မှာ ကလေးနှစ်ယောက် ပျောက်ဆုံးသွားတော့ မြို့ခံတွေက မတ်တေလ်ဒါကို ကလေးတွေသတ်တဲ့သူလို့ မှားယွင်းစွပ်စွဲပြီး သတ်ပစ်လိုက်ကြပါတယ်။ မသေခင်မှာ မတ်တေလ်ဒါက သူ့မျက်နှာကို မြင်သူမှန်သမျှ လက်စားချေမယ်ဆိုပြီး မြို့ကို ကျိန်စာတိုက်သွားခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ ကိုင်းလ်ဆိုတဲ့ ကလေးလေးနဲ့အတူ အဲဒီကျိန်စာ ပြန်အသက်ဝင်လာပါတယ်။ ၂၀၀၃ ခုနှစ်ထွက် ဒီသရဲကားမှာ ကိုင်းလ်တစ်ယောက် ကျိန်စာကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း