ဇာတ်ကားများ ရွေးရန်

Nna Thaan Case Kodu

2022ဇာတ်ကားအမှတ် 7.9/10139 မိနစ်

ရာဂျီဗန်ဟာ အလုပ်အကိုင်မရှိဘဲ ပလက်ဖောင်းပေါ်မှာ အိပ်ရတဲ့ သူခိုးတစ်ယောက်ပါ။ လူမမာဖခင်ကို ပြုစုနေရတဲ့ ရုပ်ရည်ချောမောသူ တမဲလ်အလုပ်သမလေး ဒေဗီနဲ့ ချစ်ကျွမ်းဝင်လာပြီး နှစ်ယောက်အတူ နေထိုင်ဖြစ်ကြပါတယ်။ ဒေဗီကလည်း သူ့ကို သူခိုးအလုပ် ဆက်မလုပ်ဖို့ တောင်းဆိုထားတယ်။ ဒါပေမဲ့ တစ်နေ့မှာ ရာဂျီဗန်ဟာ MLA အမတ်ရဲ့အိမ်ထဲ ခိုးဝင်တယ်ဆိုပြီး စွပ်စွဲခံလိုက်ရပါတယ်။ တကယ်တော့ ဘုရားပွဲကပြန်လာတဲ့ ရာဂျီဗန်ကို လမ်းမှာ သုံးဘီးတစ်စီးက တိုက်မိလုနီး ဖြစ်သွားတာပါ။ သူက ရှောင်ရင်း အမတ်အိမ်ထဲ ခုန်ဝင်မိပြီး ခွေးကိုက်ခံလိုက်ရတယ်။ ရပ်ကွက်ကလူတွေကတော့ သူခိုးလို့ယူဆပြီး ဝိုင်းရိုက်ကာ ရဲလက်အပ်လိုက်ကြပါတယ်။ တရားရုံးရောက်တဲ့အခါ ဉာဏ်ရွှင်တဲ့ ရာဂျီဗန်က ပစ္စည်းခိုးဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ကြောင်း ရှင်းပြပြီး သက်သေတွေကို ကိုယ်တိုင်လိုက်ရှာရပါတော့တယ်။ သက်သေတွေ စုဆောင်းရင်း ဒီအဖြစ်အပျက်ဟာ လမ်းပေါ်က ချိုင့်ခွက်တွေကြောင့် ဖြစ်ရတာလို့ တင်ပြကာ ဆောက်လုပ်ရေးဝန်ကြီးကိုပါ စွပ်စွဲလိုက်ပါတယ်။ လမ်းပေါ်က ချိုင့်ခွက်တွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိသေးလဲ၊ လမ်းဖောက်ရာမှာ အရည်အသွေးမမီတဲ့ ကုန်ကြမ်းတွေကို ဘယ်သူသုံးခဲ့တာလဲ၊ ရာဂျီဗန်ကရော ဒီအမှုကို ဆက်ရင်ဆိုင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။ ဇာတ်လမ်းအစပိုင်းမှာ ဟာသနှောထားတဲ့ စကားပြောခန်းတွေနဲ့ စုံစမ်းမှုတွေကို ပြထားပြီး ဒုတိယပိုင်းမှာတော့ တရားခွင်က အပြန်အလှန် လျှောက်လဲပြောဆိုမှုတွေကို အဓိကထားပါတယ်။

ဇာတ်လမ်းအကြောင်း