ဇာတ်ကားများ ရွေးရန်

Daisies

1966ဇာတ်ကားအမှတ် 7.3/1076 မိနစ်

"တစ်ခါတလေ ကမ္ဘာကြီးကို ပြောင်းလဲဖို့ မကြိုးစားဘဲ ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေကိုပဲ မလိုက်နာတော့ရင် ဘာဖြစ်မလဲ " ဒီဇာတ်လမ်းထဲမှာ "မာရီ" လို့ခေါ်တဲ့ မိန်းကလေးနှစ်ယောက် ရှိပါတယ် သူတို့နှစ်ယောက်က ပတ်ဝန်းကျင်ကမ္ဘာကြီးကို အဓိပ္ပာယ်မရှိတော့ဘူးလို့ ထင်လာကြပြီး ကိုယ်တိုင်လည်း ဘာမှအလေးအနက်မထားဘဲ နေထိုင်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ အဲဒီအချိန်ကစပြီး သူတို့ရဲ့ နေ့စဉ်ဘဝလေးက ထူးဆန်းတဲ့ အပြုအမူတွေ၊ အဓိပ္ပာယ်မဲ့တဲ့ စကားဝိုင်းတွေ၊ စည်းမျဉ်းတွေကို ဂရုမစိုက်တဲ့ လုပ်ရပ်တွေနဲ့ ပြည့်နှက်လာပါတော့တယ် ဒါပေမဲ့ သူတို့ရဲ့ အပြုအမူတွေကို ရယ်စရာကောင်းတဲ့ ပေါက်ကရလုပ်ရပ်တွေလို့လည်း မြင်လို့မရပြန်ပါဘူး သူတို့ လုပ်ရပ်တွေရဲ့နောက်ကွယ်မှာ လူ့အဖွဲအစည်းရဲ့ စံနှုန်းတွေ၊ အမျိုးသမီးတွေအပေါ် မျှော်လင့်ထားတဲ့ အခန်းကဏ္ဍတွေ၊ အာဏာနဲ့ အကျင့်စာရိတ္တဆိုတဲ့ အယူအဆတွေကို လှောင်ပြောင်ထားတဲ့ အဓိပ္ပာယ်တွေ ပုန်းကွယ်နေခဲ့ပါတယ် ဒီဇာတ်ကားရဲ့ ထူးခြားချက်က ဇာတ်လမ်းကို ပုံမှန်ရုပ်ရှင်တွေလို တစ်ဆင့်ချင်းမသွားဘဲ အရောင်အသွေးတွေ ရုတ်တရက်ပြောင်းလဲသွားတာ၊ ပုံရိပ်တွေကို ဖြတ်တောက်တည်းဖြတ်ထားပုံ၊ ထူးဆန်းတဲ့ အပြုအမူတွေနဲ့ အိပ်မက်ဆန်တဲ့ မြင်ကွင်းတွေက ကြည့်ရှုသူကို ရုပ်ရှင်တစ်ကားကြည့်နေတာထက် အနုပညာလက်ရာတစ်ခုထဲ ဝင်ရောက်သွားသလို ခံစားရစေမှာပါ ပုံမှန်ကြည့်နေကျ ရုပ်ရှင်မျိုးနဲ့မတူဘဲ အနုပညာဆန်တဲ့ ရုပ်ရှင်တွေ၊ စမ်းသပ်ဖန်တီးမှုတွေ၊ လူ့အဖွဲ့အစည်းကို စိန်ခေါ်တဲ့ ဇာတ်ကားတွေကို နှစ်သက်သူတွေအတွက်တော့ စိတ်ဝင်စားစရာကောင်းမှာပါ တစ်ခါတလေ စည်းမျဉ်းတွေကို ချိုးဖောက်တာဟာ လွတ်လပ်မှုတစ်မျိုး ဖြစ်နိုင်သလို၊ လွတ်လပ်မှုကို အဆုံးစွန်အထိ လိုက်စားတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ဒီဇာတ်ကားကြည့်ရင်း အဖြေရှာကြည့်ကြရအောင်.......

ဇာတ်လမ်းအကြောင်း