ဇာတ်ကားများ ရွေးရန်

Reawakened Man: The Red

2026ဇာတ်ကားအမှတ် 6.9/10102 မိနစ်

Reawakened Man: The Red (2026) IMDb Rating (6.9) သေဆုံးလေလေ ပိုပိုကြမ်းလာမဲ့ မင်းသား Koo Kyo-Hwan ရဲ့ Webtoon-based စွမ်းအားရှင် အက်ရှင်ကားသစ်လေး ထွက်ရှိလာပါပြီ။ D.P. မှာ Koo Kyo-Hwan နဲ့ အတူ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသား Shin Seung-Ho, Extraordinary Attorney Woo ထဲက မင်းသား Kang Ki-Young, If Wishes Could Kill ထဲက မင်းသမီးလေး Kim Si-A တို့ကို မြင်တွေ့ရမဲ့အပြင် လက်ရှိပြသနေတဲ့ 100 Days of Deception ထဲက အလှလေး Kim You-Jung နဲ့ A Bona fide Killer ထဲက မင်းသား Jung Jun-won တို့ကလည်း cameo အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းလေးကတော့... အသက်က ၃၀ ကျော်လာပြီဆိုပေမဲ့ အလုပ်အင်တာဗျူးတွေ ထပ်ပြန်တလဲလဲ ကျနေတဲ့ ဆော့ဟွမ် (Koo Kyo-Hwan)... ဒီနေ့မှာလည်း အင်တာဗျူးကျလို့ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာရင်း နေအိမ်မှာ စောင့်ကြိုနေတဲ့ မသင်္ကာဖွယ် လူတစ်စုရဲ့ တိုက်ခိုက်မှုကို ခံရပြီး အသက်ပျောက်သွားခဲ့ရပါတော့တယ်။ ဒါပေမဲ့ သေဆုံးပြီး ၃ ရက်ကြာတိုင်းမှာ အသက်ပြန်ရှင်လာနိုင်တဲ့ သဘာဝလွန်စွမ်းအား ရှိနေတဲ့ ဆော့ဟွမ်ကတော့ ဘာမှမဖြစ်ခဲ့တဲ့အလားပဲ မျက်လုံးပြန်ပွင့်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒီစွမ်းအားအကြောင်းကို သိထားတဲ့ Black (Shin Seung-Ho) ဦးဆောင်တဲ့ လူတစ်စုက ဆော့ဟွမ်ကို ရေကုန်ရေခန်း လိုက်လံဖမ်းဆီးရာမှာတော့... ဒီကြားလည်းမကြားဖူး မြင်လည်းမမြင်ဖူးတဲ့ ဆန်းဆန်းပြားပြား စွမ်းအားက ဘယ်ကနေ အရင်းခံ ဖြစ်တည်လာတာများလဲ... ချဉ်းကပ်လာတဲ့ ရန်သူတွေကိုရော ဆော့ဟွမ်က ဘယ်လိုမျိုး ရင်ဆိုင်နှိမ်နင်းသွားမလဲ... သေမှာကို ပူနေစရာမလိုတဲ့အတွက် အပီကြမ်းပြသွားမဲ့ ဆော့ဟွမ်ရဲ့ အက်ရှင်ခန်းတွေကို ကြည့်ရှုဖို့အတွက် အခုချက်ချင်းသာ ကြည့်လိုက်ကြပါတော့နော်။ File Size : 1.59GB/ 750MB Quality : WEB- DL 1080p/ 720p Format : mp4 Duration : 1hr 43m Genre : Action, Thriller, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း