ဇာတ်ကားများ ရွေးရန်

Red Days 2: Cecilia

2026ဇာတ်ကားအမှတ် 4.2/10109 မိနစ်

Red Days 2: Cecilia (2026) IMDb Rating (4.2) ဒီကားလေးကတော့ Red Days (2019) ရဲ့ အဆက်ဖြစ်တဲ့ Red Days 2: Cecilia (2026) ပဲ ဖြစ်ပါတယ်။ ဒီကားက ဇွန်ဘီကပ်ဘေးကြီး ဖြစ်နေတဲ့ကြားထဲမှာမှ ဆန်းဆန်းပြားပြား သွေးစုပ်ဖုတ်ကောင်ဖြစ်သွားတဲ့ Cecilia ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ အက်ရှင်သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါတယ်။ ဇွန်ဘီတွေရန်ကနေ လွတ်အောင်ပြေးရင်း စီစီလီယာတစ်ယောက် မတော်တဆ ဗန်ပိုင်းယားဘဝ ပြောင်းသွားခဲ့ပါတယ်။ နေရောင်ခြည်မခံနိုင်တာ၊ အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ချက်လိုတာ စတဲ့ ဗန်ပိုင်းယား အားနည်းချက်တွေကြောင့် သူ တော်တော်လေး ဒုက္ခရောက်ခဲ့ရပါတယ်။ အဲဒီလို ဒုက္ခရောက်နေတဲ့ စီစီလီယာကို The Corporation လို့ခေါ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက ဖမ်းမိသွားပြီး သူတို့က စီစီလီယာကို လူကောင်းတစ်ယောက်လို သာမန်အတိုင်း နေထိုင်လို့ရစေမယ့် "အထူးဆေးရည်" ပေးပြီး သူတို့အဖွဲ့အတွက် ဇွန်ဘီတွေကို ရှင်းလင်းပေးရတဲ့ ညှပ်ပူးညှပ်ပိတ် စစ်သားတစ်ယောက်အနေနဲ့ အသုံးချခဲ့ပါတယ်။ နှစ်တွေအကြာကြီး စီစီလီယာနဲ့ သူ့သူငယ်ချင်း ကင်မ် (Kim) တို့က အဖွဲ့အစည်းအတွက် ဇွန်ဘီတွေကို တိုက်ခိုက်ပေးခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ကို ဆေးကျွေးပြီး ခိုင်းစေနေတဲ့ ကော်ပိုရေးရှင်းကြီးရဲ့ နောက်ကွယ်က ယုတ်မာတဲ့ စစ်ရေးအကြံအစည်တွေကို သိသွားကြရပါတော့တယ်။ ကော်ပိုရေးရှင်းရဲ့ အမှန်တရားကို သိသွားပြီးတဲ့နောက်မှာတော့ စီစီလီယာတစ်ယောက် တစ်ဖက်မှာလည်း လျင်မြန်ဆိုးသွမ်းတဲ့ ဇွန်ဘီအုပ်ကြီး၊ နောက်တစ်ဖက်မှာလည်း သူ့ကိုအသုံးချခဲ့တဲ့ အဖွဲ့အစည်းဆိုးကြီးကြားထဲမှာ ဘယ်လိုဆက်ပြီး အသက်ရှင်အောင် ရုန်းကန်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ရင်သပ်ရှုမောဖွယ် ဆက်လက်ကြည့်ရှုလို့ရပါတယ်။ File size… (1.2 GB) / (690 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Horror,Thriller Duration…. 01:49:53 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း