Insane
နာနမ်ဆူက “၂၄ နာရီ” ဆိုတဲ့ ရှိုးတစ်ခုရဲ့ ပရိုဂရမ်ဒါရိုက်တာဖြစ်ပြီး သူ့အစီအစဉ်အတွက် စိတ်ဝင်စားစရာ အကြောင်းအရာတွေကို အမြဲလိုက်စုံစမ်းနေသူပါ။ တစ်နေ့မှာ သူ့ဆီ ဒိုင်ယာရီစာအုပ်တစ်အုပ် ရောက်လာပါတယ်။ ရေးထားသူက ဂန်ဆူအာဆိုတဲ့ ကောင်မလေးဖြစ်ပြီး စာအုပ်ထဲက အကြောင်းတွေက နာနမ်ဆူကို စုံစမ်းချင်စိတ် ဖြစ်လာစေတယ်။ ဂန်ဆူအာ ရေးထားတာအရ သူမဟာ အိမ်ပြန်လမ်းမှာ ဖမ်းဆီးခံရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုဆီ ပို့ခံခဲ့ရပါတယ်။ ဆေးရုံထဲမှာ ပိတ်မိနေပြီး သူမကို ကူညီမယ့်သူဆိုလို့ ဟန်ဒုံရှစ်တစ်ယောက်ပဲ ရှိတယ်လို့လည်း ဆိုထားတယ်။ နာနမ်ဆူ လိုက်စုံစမ်းကြည့်တော့ အဲဒီဆေးရုံဟာ လွန်ခဲ့တဲ့တစ်နှစ်က မီးလောင်ခဲ့ပြီး လူနာအများအပြား သေဆုံးခဲ့တယ်ဆိုတာ သိလာရပါတယ်။ ဒါပေမဲ့ ဆေးရုံရဲ့ လူနာစာရင်းမှာရော သေဆုံးသူစာရင်းမှာပါ ဂန်ဆူအာရဲ့အမည် မရှိနေဘူး။ ဂန်ဆူအာဆိုတာ ဘယ်သူလဲ၊ အခု ဘယ်ရောက်နေသလဲ၊ သူမရေးထားတဲ့ အဖြစ်အပျက်တွေကရော တကယ်ဖြစ်ခဲ့တာလားဆိုတာကို နာနမ်ဆူ ဆက်စုံစမ်းရတော့တယ်။ ၂၀၁၆ ခုနှစ်ထွက် ဒီသည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားမှာ Gang Ye Won နဲ့ Lee Sang Yoon တို့ အဓိကပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း