ဇာတ်ကားများ ရွေးရန်

1Up

2022ဇာတ်ကားအမှတ် 5.1/10100 မိနစ်

V က တက္ကသိုလ်ပညာသင်ဆုရထားတဲ့ နိုင်ငံအဆင့် ဂိမ်းကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ ကျောင်းရဲ့ ဂိမ်းအဖွဲ့မှာတော့ အရန်ကစားသမားအဖြစ်ပဲ နေရတယ်။ ယောက်ျားလေးအများစု ပါဝင်တဲ့ ဒီအဖွဲ့မှာ မိန်းကလေးတွေ နေရာမရတဲ့အပြင် အဖွဲ့ခေါင်းဆောင်ကလည်း ဖိနှိပ်စီးပိုးတတ်သူ ဖြစ်နေပါတယ်။ နောက်ဆုံးမှာ V က သူငယ်ချင်းနဲ့အတူ အဖွဲ့ကနေ ထွက်ပြီး ကိုယ်ပိုင်အဖွဲ့ ထောင်လိုက်တယ်။ မိန်းကလေးတွေချည်း စုဖွဲ့ထားတဲ့ အသင်းနဲ့ ပြိုင်ပွဲဝင်ဖို့ ကြိုးစားကြတာပါ။ ပြိုင်ပွဲမှာ အနိုင်ရရင် နိုင်ငံအဆင့် ချန်ပီယံဖြစ်ပြီး အခွင့်အရေးတွေလည်း အများကြီး ရလာနိုင်ပါတယ်။ V တို့အဖွဲ့က အရင်ယောက်ျားလေးအဖွဲ့ကိုရော တစ်နိုင်ငံလုံးက ပြိုင်ဘက်အဖွဲ့တွေကိုပါ ယှဉ်နိုင်ပါ့မလား။ ဂိမ်းပြိုင်ပွဲအကြောင်းကို ဟာသနဲ့တွဲတင်ပြထားတဲ့ ဒီဇာတ်ကားမှာ Kissing Booth ထဲက Marco အဖြစ် သရုပ်ဆောင်သူလည်း ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း