ဇာတ်ကားများ ရွေးရန်

Magic Crystal

1986ဇာတ်ကားအမှတ် 6.0/1095 မိနစ်

ဂရိနိုင်ငံကို လုပ်ငန်းကိစ္စနဲ့ အလည်အပတ် သွားခဲ့တဲ့ခရီးကအပြန် ထူးဆန်းတဲ့ ကျောက်စိမ်းတုံးတစ်ခု ရောပါလာရာကနေ ပြဿနာတွေ စလာပါတယ်။ အဲဒီကျောက်စိမ်းတုံးနောက်ကို တိုက်ခိုက်ရေးသိုင်းပညာရှင်တစ်ယောက်က အသည်းအသန် လိုက်လာနေတာပါ။ Andy Lau သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ ရဲမေတစ်ယောက်တို့ သူ့ရန်ကို ဘယ်လိုခုခံကြမလဲ။ ကျောက်စိမ်းတုံးက ဘယ်ကရောက်လာတာလဲ၊ ဘယ်နေရာကို ပြန်ထားရမှာလဲဆိုတာတွေလည်း ရှာဖွေရဦးမှာပါ။ ၁၉၈၆ ခုနှစ်ထွက် ဟောင်ကောင်အက်ရှင်စွန့်စားခန်းဇာတ်ကားဖြစ်ပြီး ဒါရိုက်တာက ဝေါင်ကျင်းပါ။ စတီဖင်ချောင်ရဲ့ God of Gamblers၊ Royal Tramp၊ Tricky Master နဲ့ Tricky Brain တို့ကို ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။ ဒီကားမှာ Andy Lau နဲ့ Sharla Cheung တို့အပြင် ဝေါင်ကျင်းကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားတယ်။ Andy Lau ရဲ့ As Tears Go By မတိုင်မီ နှစ်နှစ်က ရိုက်ထားတဲ့ကားဖြစ်ပြီး ဟာသနဲ့ အက်ရှင်ကြားမှာ ရှေးဟောင်းသုတေသနသမားတွေ ပါဝင်တဲ့ စွန့်စားခန်းတွေကိုပါ တွေ့ရပါတယ်။

ဇာတ်လမ်းအကြောင်း