Beetlejuice
မတော်တဆမှုတစ်ခုကြောင့် တစ္ဆေဖြစ်သွားတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့အိမ်ကို ပြောင်းလာတဲ့ လူတွေကို ခြောက်ထုတ်ဖို့ ကြိုးစားကြပါတယ်။ ကိုယ့်ဘာသာ ခြောက်လို့မရတဲ့အခါ လူတွေကို နှင်ထုတ်ရာမှာ ကျွမ်းကျင်တဲ့ တစ္ဆေကြီး Beetlejuice ဆီ အကူအညီတောင်းလိုက်ကြတယ်။ ဒါပေမယ့် အဲဒီမိသားစုထဲက သူတို့နဲ့ ရင်းနှီးလာတဲ့ ကောင်မလေးကိုပါ Beetlejuice က ထိပါးလာတဲ့အခါ အကူအညီတောင်းမိတဲ့ တစ္ဆေကို သူတို့ပြန်တားရဖို့ ဖြစ်လာပါတယ်။ Tim Burton ရဲ့ အစောပိုင်းလက်ရာတွေထဲက သရဲဟာသကားဖြစ်ပြီး Gothic ဟန်နဲ့ တမလွန်လောကကို ခပ်ကြောင်ကြောင် ပုံဖော်ထားပါတယ်။ တမလွန်ရောက်တာတောင် တန်းစီပြီး အကြာကြီးစောင့်ရတဲ့ စနစ်မျိုးလည်း ပါတယ်။ Michael Keaton နဲ့ Winona Ryder တို့ ပါဝင်ထားပြီး Winona နဲ့ Burton တို့ Edward Scissorhands မတိုင်မီ တွဲလုပ်ခဲ့တဲ့ကားပါ။ မိတ်ကပ်အတွက် အော်စကာဆုရခဲ့သလို တခြားဆုပေးပွဲတွေမှာလည်း အကောင်းဆုံးထိတ်လန့်ရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။ ဒီကားနောက်ဆက်တွဲအဖြစ် Beetlejuice Goes Hawaiian ကို ၁၉၉၀ ခုနှစ်ကတည်းက ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်လာခဲ့ပါဘူး။
ဇာတ်လမ်းအကြောင်း