ဇာတ်ကားများ ရွေးရန်

The Summoned

2022ဇာတ်ကားအမှတ် 5.3/1086 မိနစ်

လူသိများတဲ့ ချစ်သူနှစ်ယောက်ဖြစ်တဲ့ အယ်လိုင်ယာ့နဲ့ ရို့စ်တို့ကြားမှာ ကြီးကြီးမားမား ပြဿနာလို့ မဆိုသာပေမယ့် အဆင်မပြေမှုလေးတွေ ရှိနေပါတယ်။ ဒါကြောင့် သူတို့ဆက်ဆံရေးအတွက် ကုထုံးဆရာဝန်တစ်ယောက်ဆီ တိုင်ပင်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့သွားတွေ့မယ့်သူက ဒေါက်တာဖရော့စ်ပါ။ သူ့ဆီမှာ ကုသမှုခံယူဖို့ တန်းစီစောင့်ရတဲ့အထိ နာမည်ကြီးတဲ့ ကုထုံးဆရာဝန်ဖြစ်ပြီး ဒီတစ်ခါတော့ သူကိုယ်တိုင် ဖိတ်ခေါ်ထားတာကြောင့် နှစ်ယောက်သား ထွက်လာခဲ့ကြပါတယ်။ ဒါပေမယ့် လမ်းမှာ ထူးဆန်းတဲ့လူတစ်ယောက်နဲ့ ဆုံပြီးနောက် အယ်လိုင်ယာ့က ထူးထူးဆန်းဆန်း အိပ်မက်တွေ စမက်လာပါတော့တယ်။ ၂၀၂၂ ခုနှစ်ထွက် ထိတ်လန့်သည်းဖိုကားဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းပုံစံနဲ့ ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း