ဇာတ်ကားများ ရွေးရန်

ZOKKI

2021ဇာတ်ကားအမှတ် 7.5/10113 မိနစ်

ZOKKI က မန်ဂါရေးဆွဲသူ Hiroyuki Ohashi ရဲ့ မန်ဂါစီးရီးထဲက ဇာတ်လမ်းတိုတွေကို စုစည်းရိုက်ကူးထားတဲ့ ဟာသဒရာမာပါ။ ဂျပန်သရုပ်ဆောင်နဲ့ ဒါရိုက်တာ သုံးယောက် ပူးပေါင်းရိုက်ကူးထားပြီး ဇာတ်ဆောင်အများအပြား ပါဝင်ပါတယ်။ ဟာသတွေနဲ့ ဇာတ်ဝင်ခန်းတွေမှာ ဂျပန်ယဉ်ကျေးမှုရဲ့ အငွေ့အသက်တွေ များတာကြောင့် အဲဒီယဉ်ကျေးမှုနဲ့ ရင်းနှီးသူတွေအတွက် ပိုပြီး နီးစပ်နိုင်တဲ့ ဇာတ်ကားပါ။ ပထမဇာတ်လမ်းက စက်ဘီးတစ်စီးနဲ့ ခြေဦးတည့်ရာ ထွက်လာတဲ့ ဖူဂျီမူရာအကြောင်းပါ။ သူ့မှာ စက်ဘီး၊ လွယ်အိတ်တစ်အိတ်နဲ့ အပြာမဂ္ဂဇင်းတစ်စောင်ပဲ ပါလာတယ်။ လမ်းမှာ ငါးဖမ်းသမားအဖိုးကြီးတစ်ယောက်နဲ့ ဆုံမိပြီး အဖိုးကြီးရဲ့ မွေးနေ့မှာ ဝင်စားသောက်ဖြစ်သွားပါတယ်။ နောက်တစ်ပုဒ်မှာတော့ အပေါင်းအသင်းမရှိဘဲ ကြောင်တောင်တောင်နေတတ်တဲ့ ကျောင်းသား မခိတကို တွေ့ရမယ်။ အထက်တန်းကျောင်းရောက်မှ သူနဲ့ ဘဝတူတဲ့ ဘန်ဆိုသူနဲ့ သူငယ်ချင်းဖြစ်လာတယ်။ ဘန်ကတော့ မခိတရဲ့အစ်မကို စွဲစွဲလမ်းလမ်း ကြိုက်နေသူပါ။ တွေ့ချင်လွန်းလို့ မစားနိုင်မသောက်နိုင်ဖြစ်ရတဲ့အထိပဲ။ မခိတအစ်မရဲ့ အတွင်းခံဘောင်းဘီကိုတောင် ယန်းငါးသောင်းပေးပြီး ဝယ်ထားပါတယ်။ တတိယဇာတ်လမ်းက သားအဖနှစ်ယောက်အကြောင်းပါ။ အဖေက လက်ဝှေ့ဝါသနာပါပေမယ့် ပိုက်ဆံမရှိလို့ လေ့ကျင့်ဖို့ သဲအိတ်တောင် မရှိဘူး။ ဒါနဲ့ သားအဖနှစ်ယောက် ညဘက်မှာ ကျောင်းထဲ ခိုးဝင်ပြီး သဲအိတ်သွားခိုးကြတယ်။ ခိုးနေတုန်းမှာပဲ ကျောင်းထဲက အရုပ်သရဲနဲ့ တည့်တည့်တိုးပါတော့တယ်။

ဇာတ်လမ်းအကြောင်း