ဇာတ်ကားများ ရွေးရန်

Kisi Ka Bhai... Kisi Ki Jaan

2023ဇာတ်ကားအမှတ် 5.9/10144 မိနစ်4K

အကိုကြီးဂျန်းမှာ သွေးမတော်ပေမယ့် အရင်းအချာလို ချစ်ရတဲ့ ညီသုံးယောက် ရှိပါတယ်။ မိဘမဲ့ဂေဟာ မီးလောင်တုန်းက သူမွေးစားခဲ့တဲ့ ကလေးတွေပါ။ ညီတွေနဲ့ သံယောဇဉ်ပြတ်သွားမှာကို မလိုလားလို့ အကိုကြီးက အိမ်ထောင်မပြုဘဲ လူပျိုကြီးအဖြစ် နေလာခဲ့တယ်။ ညီသုံးယောက်ကတော့ အကိုကြီးမသိအောင် ချစ်သူကိုယ်စီ ရှိနေကြပါတယ်။ အကိုကြီးကိုလည်း ချစ်၊ ချစ်သူတွေနဲ့လည်း မခွဲနိုင်ကြတဲ့ ညီတွေက အကိုကြီးကိုပါ ချစ်သူရအောင် အောင်သွယ်ပေးဖို့ ကြံကြတယ်။ အရင်ချစ်သူကို ပြန်ခေါ်လာပေးဖို့ မွမ်ဘိုင်းအထိ သွားရှာကြပေမယ့် ဟိုမှာက အိမ်ထောင်ကျပြီး ကလေးတစ်ယောက်တောင် ရနေပြီ။ ဒါနဲ့ပဲ အရင်ချစ်သူနဲ့ နာမည်တူတဲ့ အမျိုးသမီးတစ်ယောက်ကို ခေါ်လာပြီး ဝိုင်းအောင်သွယ်ပေးကြတဲ့အခါ ညီအစ်ကိုတွေကြား ဘာအလွဲတွေ ဆက်ဖြစ်လာမလဲဆိုတာကို အချစ်၊ အက်ရှင်၊ ဒရာမာနဲ့ သီချင်းတွေ ရောစပ်တင်ဆက်ထားပါတယ်။ အကိုကြီး ဘိုင်ဂျန်းအဖြစ် စလ်မာန်ခန်းက ဦးဆောင်ပါဝင်ထားပြီး ပူဂျား၊ ဆစ်ဒါးသ်နီဂဟမ်နဲ့ ဝရ်နာလီ ဘတ်နာဂရ်တို့လည်း သရုပ်ဆောင်ထားပါတယ်။ တမီးလ်သရုပ်ဆောင် ဂျဂါပသီဘာဘူကတော့ ကိုဒါသီ နာဂေးရှ်ဝရ်အဖြစ် ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း