ဇာတ်ကားများ ရွေးရန်

The House That Never Dies

2014ဇာတ်ကားအမှတ် 3.9/1090 မိနစ်

ပေကျင်းမှာ အိမ်အမှတ် ၈၁ လို့ခေါ်တဲ့ သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ အိမ်ကြီးတစ်လုံး ရှိပါတယ်။ ပါးစပ်ရာဇဝင်အရ မူလအိမ်ပိုင်ရှင်ရဲ့ ဇနီးဟာ သတို့သမီးဝတ်စုံနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပြီးနောက် မိသားစုဝင်တွေပါ ထူးထူးဆန်းဆန်း ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ကြတယ်။ အဲဒီအကြောင်းတွေကြောင့် အိမ်က ကာလပေါက်ဈေးထက် အများကြီး သက်သာနေပါတယ်။ ရွှီလော့ချင်းတို့မိသားစုက အဲဒီအိမ်ကြီးဆီ ပြောင်းလာကြတယ်။ ဈေးသက်သာနေတာကလည်း ပြောင်းလာရတဲ့ အကြောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ရွှီလော့ချင်းဟာ အိမ်မှာ သေကြောင်းကြံခဲ့တဲ့ အိမ်ပိုင်ရှင်ဇနီးနဲ့ ရုပ်ချင်းခွဲမရအောင် တူနေတယ်ဆိုတာ သိလာရတယ်။ အဲဒီနောက်မှာ ပုံရိပ်ယောင်တွေ မြင်ရ၊ အသံတွေ ကြားရပြီး အနီရောင်ဝတ်ထားတဲ့ လူတွေလည်း ပေါ်လာကြပါတယ်။ အိမ်ထဲက ထူးဆန်းမှုတွေနဲ့အတူ ခင်ပွန်းသည် ဖောက်ပြန်နေသလားလို့လည်း သူအကြိမ်ကြိမ် သံသယဝင်လာတယ်။ ပြောင်းလာပြီးကတည်းက လင်မယားနှစ်ယောက် မကြာခဏ ရန်ဖြစ်ကြရင်း ကွာရှင်းဖို့အထိ ဖြစ်လာကြပါတယ်။ သူတို့ရဲ့ လက်ရှိအဖြစ်အပျက်တွေနဲ့အတူ ပါးစပ်ရာဇဝင်ထဲက ဟောမိသားစုနဲ့ တျဲယွီတို့ကြားမှာ ဖြစ်ခဲ့တာတွေကိုလည်း နောက်ကြောင်းပြန်အခန်းတွေနဲ့ တဖြည်းဖြည်း ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း