Babli Bouncer
အိန္ဒိယမြို့အစွန်က ဘောက်ဆာရွာလေးမှာ လူငယ်တိုင်း ဘောက်ဆာလေ့ကျင့်ကြပါတယ်။ ဘောက်ဆာဆရာရဲ့သမီး ဘာဘလီကလည်း ရွာမှာ လက်စွမ်းထက်တဲ့ မိန်းကလေးတစ်ယောက်ပါ။ စာဘက်ကို အာရုံမစိုက်ခဲ့လို့ ဆယ်တန်းခဏခဏကျပြီး ကျောင်းထွက်ခဲ့ရပေမယ့် ဘောက်ဆာမှာတော့ အမျိုးသားတွေထဲမှာတောင် သူ့ကို နိုင်သူမရှိဘူး။ မင်္ဂလာဆောင်တစ်ခုမှာ ကျောင်းတုန်းက ဆရာမနဲ့ ပြန်တွေ့ပြီး ဆရာမရဲ့သားကို သဘောကျမိရာက သူ့ဘဝမှာ အပြောင်းအလဲတွေ စလာပါတယ်။ ဒေလီက ညကလပ်တစ်ခုမှာတော့ လာလည်တဲ့ အမျိုးသမီးဧည့်သည်တွေရဲ့ ပြဿနာတွေကို အမျိုးသားဘောက်ဆာဝန်ထမ်းတွေက ကိုင်တွယ်ရခက်နေကြလို့ အမျိုးသမီးဝန်ထမ်း ခန့်ဖို့ ဖြစ်လာတယ်။ ဘာဘလီသဘောကျနေတဲ့ ပညာတတ်လူချော ဗီရာ့ဂျ်က ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးမျိုးကို သဘောကျတယ်လို့ ဆိုထားပါတယ်။ ဒါနဲ့ ဘာဘလီလည်း အမှီအခိုကင်းကင်း နေနိုင်ကြောင်း ပြချင်လို့ ညကလပ်မှာ အမျိုးသမီးဘောက်ဆာအလုပ် လျှောက်ရာက အလုပ်ရသွားတယ်။ ဒါပေမယ့် ဗီရာ့ဂျ်ရဲ့ မွေးနေ့မှာ အမူးလွန်ပြီး ချစ်ကြောင်းဖွင့်ပြောမိတဲ့အခါ ခါးခါးသီးသီး အငြင်းခံလိုက်ရပါတယ်။ ဘာဘလီက ပျော်ပျော်နေတတ်ပေမယ့် ခေတ်လူငယ်တွေကြားက အသုံးအနှုန်းတွေ၊ အပြုအမူတွေနဲ့ မရင်းနှီးတဲ့ ရိုးသားတဲ့ တောသူမလေးပါ။ သူနဲ့ ပညာတတ်၊ ဥစ္စာပေါတဲ့ ဗီရာ့ဂျ်တို့ကြားက အချစ်ဇာတ်လမ်းက ရှေ့ဆက်နိုင်ဦးမလား၊ ဒီမှာပဲ ရပ်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း