Night at the Museum: Kahmunrah Rises Again
Night at the Museum ဟာ ၂၀၀၆ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ၂၀၀၉ နဲ့ ၂၀၁၄ မှာ နောက်ဆက်တွဲရုပ်ရှင်တွေ ထွက်ခဲ့ပါတယ်။ ၂၀၂၂ မှာတော့ အန်နီမေးရှင်းပုံစံနဲ့ ဆက်လာပြီး လာရီဒေလီတစ်ယောက် သဘာဝသမိုင်းပြတိုက်ကနေ တိုကျိုပြတိုက်ကို ပြောင်းရွှေ့ရတော့မယ့်အချိန်မှာ ဇာတ်လမ်းစထားပါတယ်။ လာရီနဲ့ အတူတူ အခက်အခဲတွေ ဖြတ်သန်းခဲ့ကြတဲ့ ပြတိုက်ထဲက ရဲဘော်တွေက သူ့နေရာကို အစားဝင်လာသမျှ ညစောင့်တွေကို ခြောက်လှန့်လွှတ်နေကြတယ်။ သူတို့ကို ဖျောင်းဖျလို့လည်း မရ၊ ပြတိုက်ရဲ့တာဝန်ကို တခြားသူလက်ထဲ ထည့်ခဲ့ဖို့လည်း စိတ်မချတဲ့ လာရီဟာ တက်ဒီအကြံပေးသလို သားဖြစ်သူ နစ်ခ်ဒေလီကို အစားဝင်ခိုင်းဖို့ စဉ်းစားလာပါတယ်။ နစ်ခ်ကတော့ လုပ်သမျှ အလွဲလွဲအချော်ချော်ဖြစ်နေပြီး သဘောကျနေတဲ့ ကောင်မလေးကိုတောင် ဖွင့်မပြောရဲလောက်အောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေတဲ့ ဆယ်ကျော်သက်တစ်ယောက်ပါ။ အဖေ့တိုက်တွန်းမှုနဲ့ ညစောင့်အလုပ်ကို စလုပ်တဲ့ ပထမညမှာပဲ မြေအောက်ခန်းက ကုန်တင်ကုန်ချတံခါးကို သော့ခတ်ဖို့ တာဝန်ရလာတယ်။ ဒါပေမဲ့ မြေအောက်ခန်းကို ကြောက်နေတဲ့ နစ်ခ်ရဲ့အလွဲကြောင့် အဖေ့ရန်သူဟောင်း ခါမူရာ လွတ်သွားပါတော့တယ်။ ကိုယ့်ကိုယ်ကိုယ်တောင် အားမကိုးရဲသေးတဲ့ နစ်ခ်ဟာ ပြတိုက်ထဲက ဗရုတ်တစ်သိုက်နဲ့အတူ ခါမူရာကို ရင်ဆိုင်ပြီး ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း