ဇာတ်ကားများ ရွေးရန်

The Longest Yard

2005ဇာတ်ကားအမှတ် 6.6/10113 မိနစ်

၁၉၇၄ ခုနှစ်မှာ ထွက်ရှိပြီး ရွှေကမ္ဘာလုံးဆုရခဲ့တဲ့ အမေရိကန်ထောင်ဟာသဇာတ်ကားကို ၂၀၀၅ ခုနှစ်မှာ Adam Sandler နဲ့ ပြန်လည်ရိုက်ကူးထားတာပါ။ ပေါလ်ခရူးဟာ နာမည်ပျက်နဲ့ ကျော်ကြားနေတဲ့ အားကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး သူ့အပြုအမူတွေကြောင့် ရင်းနှီးချစ်ခင်ရသူတွေနဲ့လည်း ဝေးကွာနေပါတယ်။ တစ်နေ့မှာ ချစ်သူရဲ့ကားကို ခိုးယူပြီး ရဲတွေကို ပြဿနာသွားရှာရာက ထောင်သုံးနှစ်ကျသွားတယ်။ သူရောက်သွားတဲ့ထောင်က ထောင်ပိုင်ဟာ ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားပြီး ပြည်သူတွေကြား နာမည်ရချင်နေသူပါ။ အဲဒီအတွက် ထောင်စောင့်အသင်းနဲ့ ထောင်သားအသင်းကို ခြေစစ်ပွဲတစ်ပွဲ ယှဉ်ပြိုင်ခိုင်းဖို့ စီစဉ်လိုက်တယ်။ ထောင်သားတွေကို စုစည်းပြီး အသင်းတစ်သင်းဖွဲ့ပေးဖို့ အတင်းအကျပ် ခိုင်းစေခံရသူကတော့ လူတွေနဲ့ အဆင်မပြေဖြစ်နေတဲ့ ပေါလ်ပါပဲ။

ဇာတ်လမ်းအကြောင်း