ဇာတ်ကားများ ရွေးရန်

Retribution

2006ဇာတ်ကားအမှတ် 6.2/10104 မိနစ်

Kiyoshi Kurosawa ရိုက်ကူးထားတဲ့ ဒီထိတ်လန့်ပဟေဠိဇာတ်ကားမှာ ကမ်းစပ်မြို့တစ်မြို့က စုံထောက်တစ်ယောက်ဟာ လူသတ်မှုတွေကို လိုက်စုံစမ်းနေပါတယ်။ ငလျင်လှုပ်ပြီးတဲ့တစ်နေ့မှာ အပျက်အစီးတွေကြားက အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့လာတယ်။ ဆားငန်ရေထဲ နှစ်သတ်ပြီးမှ လာစွန့်ပစ်ထားပုံရတာကြောင့် ဆက်စုံစမ်းပေမယ့် သဲလွန်စတွေက သူ့ကိုယ်သူပဲ တရားခံအဖြစ် ညွှန်နေပါတယ်။ သူကလည်း ဘာမှမမှတ်မိတော့ အကျပ်ရိုက်နေတယ်။ မကြာခင် အသတ်ခံထားရတဲ့ ကျောင်းသားတစ်ယောက်ရဲ့အလောင်း ထပ်ပေါ်လာပါတယ်။ စစ်ဆေးကြည့်တဲ့အခါ ဆားငန်ရေတွေ တွေ့ရပြန်သလို ကြိုးနဲ့ ချည်နှောင်ခံထားရပုံလည်း ရနေတယ်။ ဒါကြောင့် ဒီအမှုတွေဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ယူဆလာရပါတယ်။ အမှုတွေကို လိုက်နေချိန်မှာပဲ ဝတ်စုံနီဝတ်ထားတဲ့ သရဲမတစ်ယောက်က စုံထောက်နားကို မကြာခဏရောက်လာပြီး နှောင့်ယှက်နေတယ်။ ဒီသရဲမနဲ့ လူသတ်မှုတွေကြား ဘယ်လိုပတ်သက်နေသလဲ၊ ဘာကြောင့် သူ့ကိုပဲ လိုက်နှောင့်ယှက်နေသလဲဆိုတာကို စုံထောက်တစ်ယောက် အဖြေရှာရပါတော့တယ်။

ဇာတ်လမ်းအကြောင်း