ဇာတ်ကားများ ရွေးရန်

Cheppalani Undhi

2022ဇာတ်ကားအမှတ် 7.0/10

ချန်ဒူးဟာ တက်တက်ကြွကြွနဲ့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ပါ။ သူ့ကြိုးစားမှုကြောင့် ဘဝအခြေတည်နိုင်မယ့် အခွင့်အရေးတစ်ခု ရလာသလို အချစ်ရေးမှာလည်း ယောက္ခမလောင်းနဲ့ တွေ့ရတော့မှာမို့ ပျော်နေပါတယ်။ အဲဒီပျော်ရွှင်မှုနဲ့ အရက်သောက်ပြီး အိမ်ပြန်လာချိန်မှာ ရဲစစ်ဆေးခံရမှာစိုးလို့ အရှိန်တင်မောင်းရာက လမ်းဘေးပလက်ဖောင်းနဲ့ ခေါင်းထိမိသွားတယ်။ ဒဏ်ရာတော့ မရခဲ့ပေမယ့် သူ့ဘဝအတွက် အရေးကြီးတဲ့ နောက်တစ်နေ့မနက်မှာ ထူးဆန်းတဲ့ပြဿနာတစ်ခု ပေါ်လာပါတယ်။ သူများပြောသမျှကို ချန်ဒူး နားလည်နေသေးပေမယ့် သူပြောတဲ့စကားတွေကိုတော့ ဘယ်သူမှ နားမလည်တော့ဘူး။ အကြိမ်ကြိမ် ရှင်းပြဖို့ ကြိုးစားလေလေ၊ ပိုရှုပ်လေလေ ဖြစ်နေပြီး စာချရေးပြဖို့တောင် မရေးတတ်တော့ပါဘူး။ ဒီအဖြစ်ကြောင့် ရလာတဲ့အခွင့်အရေးကို ဆုံးရှုံးသွားပြီး ချစ်ရသူကိုပါ ဆုံးရှုံးရတော့မလို ဖြစ်လာပါတယ်။ ကိုယ့်မှာ ဘာဖြစ်နေတာလဲဆိုတာလည်း မသိ၊ တခြားသူကိုလည်း နားလည်အောင် မရှင်းပြနိုင်တဲ့ ချန်ဒူးရဲ့ပြဿနာကို သိပ္ပံပညာနဲ့ လူတွေရဲ့ယုံကြည်မှုတွေ ဘယ်လိုပေါင်းစည်းပြီး ဖြေရှင်းကြမှာလဲ။

ဇာတ်လမ်းအကြောင်း