ဇာတ်ကားများ ရွေးရန်

Runaway Bride

1999ဇာတ်ကားအမှတ် 6.1/10116 မိနစ်

ဆောင်းပါးရေးဆရာ Ike ဟာ အရက်ဆိုင်မှာ အမူးသမားတစ်ယောက် ပြောပြတဲ့အကြောင်းကို ကြားပြီး သူ့ပင်တိုင်ဆောင်းပါးအတွက် ရေးလိုက်ပါတယ်။ အကြောင်းအရာကတော့ မင်္ဂလာဆောင်ခါနီးတိုင်း ထွက်ပြေးတတ်တဲ့ သတို့သမီးတစ်ယောက်အကြောင်းပါ။ ဆောင်းပါးက ဟိုးလေးတကျော် ဖြစ်သွားပေမယ့် သူ့အရေးအသားတွေကြောင့် Ike ကို အမျိုးသမီးဝါဒဆန့်ကျင်သူအဖြစ် သတ်မှတ်ကြပြီး အလုပ်ပါ ပြုတ်သွားတယ်။ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့နဲ့ အလုပ်ပြန်ရဖို့အတွက် Ike ဟာ အဲဒီသတို့သမီးနေတဲ့ မြို့ငယ်လေးဆီ သွားပြီး သူ့အကြောင်း စုံစမ်းပါတော့တယ်။ မင်္ဂလာဆောင်ခါနီးမှ ဘာကြောင့် အကြိမ်ကြိမ် ထွက်ပြေးရတာလဲ၊ မြို့ကိုရောက်လာတဲ့ Ike နဲ့ သူ့ကြားမှာ ဘယ်လိုအဖြစ်တွေ ပေါ်လာမလဲဆိုတာကို ဆက်ပြထားတဲ့ အချစ်ဟာသဇာတ်ကားပါ။ Richard Gere နဲ့ Julia Robert တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း