ဇာတ်ကားများ ရွေးရန်

Wicked Games

2021ဇာတ်ကားအမှတ် 4.4/1087 မိနစ်

ကီးလ်နဲ့ ဟာလီတို့ဟာ အွန်လိုင်းမှာ ဆုံတွေ့ပြီး ချစ်သူတွေ ဖြစ်လာကြပါတယ်။ တစ်ရက်မှာ ဟာလီက ကီးလ်ဆီ လာတွေ့ရင်း မကောင်းသတင်းတွေ ထွက်နေတဲ့ သူ့မိသားစုစံအိမ်ကို လိုက်လာခဲ့တယ်။ အဲဒီစံအိမ်မှာ ကီးလ်ရဲ့ မိဘနှစ်ပါးစလုံး ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ကြပြီး အိမ်ဝန်းထဲမှာပဲ မြှုပ်နှံထားတယ်လို့ ဆိုကြပါတယ်။ ရောက်ပြီး နောက်တစ်နေ့မှာ ဟာလီဟာ ဝုန်းခနဲ အသံကျယ်ကြီးတစ်ခု ကြားလိုက်ရပြီး ကီးလ်ကို သွေးအိုင်ထဲမှာ လဲကျသေဆုံးနေတာ တွေ့လိုက်ရတယ်။ အကူအညီတောင်းဖို့ ၉၁၁ ကို ဖုန်းဆက်လိုက်ချိန်မှာပဲ ဂိမ်းစပြီဆိုတဲ့ အသံ ထွက်လာပါတယ်။ မျက်နှာဖုံးစွပ်ထားတဲ့ လူတွေလည်း ရောက်လာပြီး သူ့ကို သတ်ဖို့ လိုက်ကြတော့တယ်။ အနိုင်ရသူတစ်ယောက်ပဲ အသက်ရှင်ခွင့်ရမယ့် ဒီဂိမ်းကနေ ဟာလီ လွတ်မြောက်နိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း