Ugram
ကားမတော်တဆမှုအပြီး ရဲအုပ်တစ်ယောက်ဟာ ဇနီးနဲ့ သမီးလေးကို ဆေးရုံတင်ပေးခဲ့ပါတယ်။ ဒါပေမယ့် နာရီအနည်းငယ်ကြာပြီး နောက်တစ်မနက်မှာတော့ သူတို့နှစ်ယောက် ဆေးရုံကို ရောက်မလာဖူးဘူးလို့ ပြောနေကြတယ်။ ကိုယ်တိုင် ပို့ခဲ့တာကို ရှင်းရှင်းလင်းလင်း မှတ်မိနေတဲ့သူအတွက် ဒါက လက်ခံဖို့ခက်တဲ့ ကိစ္စပါ။ သူ့ဦးခေါင်းဒဏ်ရာကြောင့် မှတ်ဉာဏ်လွဲနေသလား၊ လူနာရှင်တွေကို တွေ့ခွင့်မပေးတဲ့ ဆေးရုံကြီးထဲမှာ တစ်ခုခု ဖုံးကွယ်ထားသလားဆိုပြီး သံသယတွေ များလာတယ်။ တစ်ဖက်မှာလည်း သူနဲ့ ရန်ဘက်ဖြစ်နေတဲ့ မူးယစ်ရာဇာက သူ့ဇနီးရဲ့ဖခင်ဖြစ်နေတာကြောင့် အဲဒီဘက်ကိုလည်း စဉ်းစားမိပြန်တယ်။ ဇနီးနဲ့သမီး ဘယ်ရောက်သွားလဲဆိုတာကို လိုက်ရှာရင်း ကိုယ့်မှတ်ဉာဏ်နဲ့ ပတ်ဝန်းကျင်က အပြောတွေအကြား အဖြေထုတ်ရတဲ့ မှုခင်းဇာတ်လမ်းပါ။
ဇာတ်လမ်းအကြောင်း