My Girl
အသက် ၁၁ နှစ်အရွယ် ဗေဒါဟာ အသိကြွယ်ပြီး ဉာဏ်ပြေးတဲ့ ကလေးမလေးတစ်ယောက်ပါ။ သူ့အဖေက ဈာပနအခမ်းအနားတွေကို တာဝန်ယူပြင်ဆင်ပေးသူဖြစ်လို့ ဗေဒါ့နေ့စဉ်ဘဝမှာ အလောင်းတွေနဲ့ ပူဆွေးနေသူတွေကို အမြဲတွေ့နေရတယ်။ အမေကလည်း သူမသိတတ်ခင်ကတည်းက ဆုံးသွားခဲ့ပြီး အဘွားကတော့ အသိသတိ မကောင်းတော့ပါဘူး။ ဒီလိုပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ ဗေဒါလေးက ရှင်ခြင်းနဲ့သေခြင်းကို ဘယ်လိုနားလည်ထားမလဲ။ ဗေဒါ့ဘဝမှာ ပျော်စရာတွေလည်း ရှိပါတယ်။ သူ့နားကနေ အရိပ်လိုလိုက်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိသလို ကဗျာရွတ်ပြတတ်တဲ့ ကျောင်းဆရာကိုလည်း တိတ်တိတ်လေး သဘောကျနေတယ်။ ရွယ်တူတွေကိုဆို သူ့ဉာဏ်လေးနဲ့ တစ်ပတ်ရိုက်တတ်သေးတာပါ။ ဒါပေမဲ့ ဈာပနအလုပ်တွေကြားမှာပဲ အချိန်ကုန်နေတဲ့ အဖေရဲ့အာရုံစိုက်မှုကို ရဖို့တော့ နေ့တိုင်းလိုလို ဂျီကျပြီး ကြိုးစားနေရဆဲဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်နေ့မှာ ရှယ်လီဆိုတဲ့ မိတ်ကပ်ဆရာမတစ်ယောက် ဗေဒါတို့သားအဖဘဝထဲ ရောက်လာတယ်။ ၁၉၉၁ ခုနှစ်က ဒီအရွယ်ရောက်လာမှုအကြောင်း ဒရာမာဇာတ်ကားမှာ Home Alone နဲ့ လူသိများတဲ့ Macaulay Culkin၊ Jamie Lee Curtis နဲ့ Anna Chlumsky တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက Anna Chlumsky ကို လူသိများလာစေခဲ့တဲ့ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း