Phantoms
အမေရိကန်က မြို့ငယ်လေးတစ်မြို့မှာ နာရီပိုင်းအတွင်း လူတွေ ပျောက်သူပျောက်၊ သေသူသေ ဖြစ်ကုန်ကြပါတယ်။ အဲဒီနေ့မနက်က မြို့ကနေထွက်ပြီး အယ်လ်အေမှာ ရည်းစားနဲ့ရှိနေတဲ့ ညီမကို အတင်းပြန်ခေါ်လာခဲ့တဲ့ အစ်မဖြစ်သူဟာ ညနေ မြို့ထဲပြန်ရောက်မှ ဒီအဖြစ်ကို တွေ့လိုက်ရတာပါ။ ညီအစ်မနှစ်ယောက်လုံး မြို့ထဲကနေ ပြန်ထွက်နိုင်ဖို့ နည်းမျိုးစုံ ကြိုးစားပေမဲ့ ပိတ်မိသွားကြတယ်။ သူတို့ရင်ဆိုင်နေရတဲ့ အရာဟာ လူတွေလို စဉ်းစားနိုင်တဲ့ အသိဉာဏ်ရှိပြီး လူသားမျိုးနွယ်တစ်ခုလုံးကိုတောင် ပျက်သုဉ်းစေနိုင်တဲ့ ထူးဆန်းတဲ့သတ္တဝါတစ်ကောင် ဖြစ်နေပါတယ်။ အဏုဇီဝပညာရှင်တစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဆရာဝန်မတစ်ယောက်နဲ့ အရွယ်မရောက်တရောက် မိန်းကလေးတစ်ယောက်တို့က ဒီအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ၁၉၉၈ ခုနှစ်ထွက် ထိတ်လန့်သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်ပြီး Ben Affleck၊ Rose McGowan၊ Peter O'Toole နဲ့ Joanna Going တို့ ပါဝင်ထားပါတယ်။ Ben Affleck ကို Pearl Harbor နဲ့ Good Will Hunting၊ Rose McGowan ကို Scream၊ Peter O'Toole ကို Lawrence of Arabia တို့ကနေ သိထားသူတွေလည်း ဒီဇာတ်ကားမှာ ပြန်တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း