ဇာတ်ကားများ ရွေးရန်

Dreams of Getting Rich

2021ဇာတ်ကားအမှတ် 7.0/1090 မိနစ်

အသက် ၃၀ အရွယ် စုန့်ရှောင်ပေါင်ဟာ မိဘမဲ့တစ်ယောက်ပါ။ ရွာမှာရှိသမျှ အလုပ်တွေကို လုပ်ပေးပြီး ရွာသားတွေ ကျွေးမွေးတာနဲ့ပဲ နေထိုင်နေရတယ်။ ဆင်းရဲပြီး အရပ်ကလည်း ငါးပေပဲရှိတဲ့သူ့ကို ပတ်ဝန်းကျင်က အထင်သေးကြပါတယ်။ ရှောင်ပေါင်ကတော့ ချမ်းသာချင်တာကြောင့် အစ်ကိုနှစ်ကို ပူဆာပြီး ရှန့်ကျန့်မြို့ကြီးဆီ ပိုက်ဆံရှာဖို့ ထွက်လာခဲ့တယ်။ မြို့ရောက်တော့ ပိုက်ဆံမရသေးတဲ့အပြင် စွန့်ပစ်ခံထားရတဲ့ ကလေးငယ်တစ်ယောက်ကိုပါ တွေ့လိုက်ရပါတယ်။ ကိုယ်တိုင် မိဘမဲ့ဖြစ်ခဲ့သူမို့ ကလေးကို ထားခဲ့ဖို့ မရက်စက်နိုင်ဘူး။ ဒါနဲ့ပဲ ကိုယ်တိုင် ဆင်းရဲနေတဲ့ကြားက ကလေးကို မွေးစားလိုက်တယ်။ နေစရာအိမ်မရှိတဲ့ ရှောင်ပေါင်နဲ့ အစ်ကိုနှစ်တို့ဟာ အဘိုးတစ်ယောက်ရဲ့ အကူအညီနဲ့ နေစရာရလာပြီး အဲဒီကာလမှာပဲ ရှောင်ပေါင်က မာလုဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကလေးငယ်နဲ့အတူ အကြောင်းတိုက်ဆိုင်လို့ ဆုံမိကြတဲ့ သူစိမ်းတွေဟာ တဖြည်းဖြည်း ဆွေမျိုးရင်းတွေလို ရင်းနှီးလာပြီး နွေးထွေးတဲ့မိသားစုလေး ဖြစ်လာတယ်။ ရှောင်ပေါင်ကလည်း မွေးစားသားကို သားအရင်းလို ရှာဖွေကျွေးမွေးရင်း ကိုယ့်ခံစားချက်တွေကို မျိုသိပ်ပြီး သားကိုပဲ ဦးစားပေးထားပါတယ်။ သားအတွက်ဆို အသက်ကိုတောင် စတေးရဲတဲ့အထိ ချစ်ပေးထားပေမဲ့ ကလေးအရွယ်ရောက်လာပြီး အမေအရင်းကို တွေ့ချင်လာတဲ့အခါ ရှောင်ပေါင် ဘယ်လိုဖြေရှင်းပေးမလဲ။

ဇာတ်လမ်းအကြောင်း