ဇာတ်ကားများ ရွေးရန်

The Confidence Man JP - Episode of the Hero -

2022ဇာတ်ကားအမှတ် 6.6/10127 မိနစ်

ဒကို၊ သခင်လေးနဲ့ ရစ်ချက်တို့က စုစုပေါင်း ဂျပန်ယန်း ၅ ဘီလီယံလောက် လိမ်လည်ယူနိုင်ခဲ့တဲ့ လူလိမ်သုံးယောက်ပါ။ သူတို့ဟာ ဆွတ်ချိနော့ခို တတိယမျိုးဆက်ဆရာကြီးရဲ့ တပည့်ရင်းတွေဖြစ်ကြပြီး ဆရာကြီးကတော့ ဆုံးသွားပါပြီ။ သူတို့အဖွဲ့လည်း လိမ်လည်မှုတွေ မလုပ်ဖြစ်တာ နှစ်နှစ်လောက် ရှိနေပြီဖြစ်လို့ သုံးယောက်ထဲမှာ ဘယ်သူအတော်ဆုံးလဲဆိုတာ ဆုံးဖြတ်ဖို့ နောက်ဆုံးပြိုင်ပွဲဆိုတဲ့ လိမ်ပွဲကြီးတစ်ပွဲ ကျင်းပဖို့ စီစဉ်လိုက်ကြတယ်။ ဒီတစ်ခါ ပစ်မှတ်က မော်လတာနိုင်ငံမှာ အခြေချနေတဲ့ စပိန်မာဖီးယား ဂျရယ်ဆီက ဗီးနပ်စ်ရုပ်တုပါ။ သုံးယောက်အချင်းချင်း ယှဉ်ပြိုင်ရမယ့်အပြင် သူတို့ကို ဖမ်းဖို့ အသည်းအသန်လိုက်နေတဲ့ အင်တာပိုစုံထောက် မာရိမုရနဲ့ ဂျပန်စုံထောက် တန်ဘာတို့ကိုလည်း ရှောင်ရဦးမယ်။ တစ်ဖက်က စုံထောက်တွေကို ရှောင်ရင်း တစ်ဖက်မှာ အချင်းချင်း အကွက်ပြိုင်ကြတဲ့ ဒီလိမ်ပွဲမှာ တကယ်အလိမ်ခံရမယ့်သူတွေက ဘယ်သူတွေဖြစ်မလဲ။

ဇာတ်လမ်းအကြောင်း