ဇာတ်ကားများ ရွေးရန်

Speak No Evil

2022ဇာတ်ကားအမှတ် 6.7/1097 မိနစ်

သမီးလေးတစ်ယောက်ရှိတဲ့ ဒိန်းမတ်မိသားစုဟာ စကားမပြောတတ်တဲ့ သားလေးတစ်ယောက်ရှိတဲ့ နယ်သာလန်မိသားစုနဲ့ ရင်းနှီးလာကြပါတယ်။ နောက်တော့ နယ်သာလန်ကို အလည်လာဖို့ ဖိတ်ခေါ်ခံရတဲ့အတွက် ဒိန်းမတ်မိသားစုလည်း သူတို့ရှိတဲ့ ကျေးလက်အိမ်လေးဆီ မိသားစုလိုက် သွားလည်ကြတယ်။ ဒီအလည်အပတ်ခရီးကနေ မိသားစုနှစ်စုကြား ဘာတွေဆက်ဖြစ်မလဲဆိုတာကို လှည့်ကွက်တွေနဲ့ ဆက်ပြထားပါတယ်။ ဆုတွေရရှိထားတဲ့ ဥရောပဟော်ရာကားဖြစ်ပြီး ကြိုက်သူနဲ့ မကြိုက်သူ အမြင်ကွဲနေတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ တထိတ်ထိတ်ဖြစ်စရာတွေနဲ့အတူ အားမလိုအားမရဖြစ်စရာ အခြေအနေတွေ၊ အဓိပ္ပာယ်ဆောင်တဲ့ နိမိတ်ပုံတွေကိုပါ ထည့်သွင်းထားတယ်။

ဇာတ်လမ်းအကြောင်း