The Bad Seed Returns
၂၀၁၈ ခုနှစ်က The Bad Seed ရဲ့ အဆက်မှာတော့ အမ်မာရဲ့ ဆယ်ကျော်သက်ဘဝကို ဆက်ပြထားပါတယ်။ ငယ်ငယ်ကတည်းက စိတ္တဗေဒဆိုင်ရာ အန္တရာယ်ရှိတဲ့ စရိုက်မျိုးရှိနေတဲ့ အမ်မာဟာ အရင်က လုပ်ခဲ့တာတွေကို လူမသိအောင် ဖုံးကွယ်ထားနိုင်ခဲ့ပြီး အဒေါ်အန်ဂျလာရဲ့ အိမ်မှာ သွားနေခဲ့ရတယ်။ အခုတော့ အဒေါ်၊ အဒေါ့ယောက်ျားနဲ့ သူတို့ရဲ့ ကလေးလေးတို့အတူ နေရင်း ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းရတော့မှာပါ။ သူ့ကို မကျေမနပ်ဖြစ်အောင် လုပ်မိသူတွေ ဘာဖြစ်ကြမလဲ၊ ဒီတစ်ခေါက်မှာလည်း အပြစ်ကနေ ရှောင်လွတ်နိုင်ဦးမလားဆိုတာကို ဆက်ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်ကွက်တွေကို အေးအေးဆေးဆေး ဖော်ပြသွားပြီး နောက်ခံတေးဂီတကိုလည်း အမ်မာရဲ့ သွေးအေးတဲ့စရိုက်နဲ့ လိုက်ဖက်အောင် အသုံးပြုထားပါတယ်။
ဇာတ်လမ်းအကြောင်း