Look At Me: XXXTENTACION
ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် XXXTentacion၊ အမည်ရင်း Jahseh Onfroy ရဲ့ဘဝကို ရှုထောင့်မျိုးစုံကနေ တင်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ ကြမ်းရှတဲ့ ရက်ပ်သီဆိုဟန်နဲ့ နူးညံ့တဲ့သီဆိုသံ နှစ်မျိုးစလုံးရှိတဲ့ သူဟာ အသက် ၁၀ နှစ်အရွယ်ကတည်းက စိတ်ကျဝေဒနာကို ခံစားခဲ့ရတယ်လို့ မူရင်းအညွှန်းမှာ ဖော်ပြထားပါတယ်။ သူ့ရဲ့ဂီတခရီးလမ်းမှာလည်း ကိုယ်တိုင်ရွေးချယ်ခဲ့တာတွေကြောင့်ရော ပတ်ဝန်းကျင်ကလူတွေကြောင့်ပါ ကြမ်းတမ်းတဲ့အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာ မိသားစု၊ သူငယ်ချင်း၊ ချစ်သူ၊ လုပ်ဖော်ကိုင်ဖက်နဲ့ ပရိသတ်တွေရဲ့အမြင်တွေကနေ သူ့အကြောင်းကို ပြောပြထားပါတယ်။ သူကိုယ်တိုင် ဖြေဆိုခဲ့တဲ့ အင်တာဗျူးတွေနဲ့ ဗီဒီယိုမှတ်တမ်းတွေလည်း ထည့်သွင်းထားတာကြောင့် အခြားသူတွေပြောတဲ့ X ရဲ့အကြောင်းအပြင် သူ့ကိုယ်ပိုင်စကားတွေကိုပါ ကြားရမှာပါ။
ဇာတ်လမ်းအကြောင်း