ဇာတ်ကားများ ရွေးရန်

The Perfect Family

2021ဇာတ်ကားအမှတ် 5.6/10110 မိနစ်

လူစီယာက ငယ်စဉ်ကတည်းက ချမ်းချမ်းသာသာ နေထိုင်လာခဲ့ပြီး ကိုယ့်အသိုင်းအဝိုင်းထဲက မီဂဲနဲ့ လက်ထပ်ထားသူပါ။ သူတို့မှာ ပါဘလိုဆိုတဲ့ သားတစ်ယောက်ရှိပြီး သားအရွယ်ရောက်လာတဲ့အထိ အိမ်ထောင်ရေးကို အပူအပင်ကင်းကင်း ဖြတ်သန်းလာခဲ့ကြတယ်။ ပါဘလိုက ကြင်ဖော်ရွေးတဲ့အခါမှာတော့ သူတို့နဲ့ လူနေမှုအခြေအနေချင်း အတော်ကွာတဲ့ သာမန်မိသားစုက မိန်းကလေးတစ်ယောက်ကို ရွေးလိုက်ပါတယ်။ လူစီယာက သားရဲ့ချစ်သူကို ချွေးမအဖြစ် သဘောမကျနိုင်သလို တစ်ဖက်မိသားစုနဲ့လည်း ပဋိပက္ခတွေ ဖြစ်လာတော့တယ်။ နေထိုင်လာပုံနဲ့ အသိုင်းအဝိုင်းချင်း မတူကြတဲ့ မိသားစုနှစ်စု ပေါင်းစည်းရတဲ့အခါ အချစ်တစ်ခုတည်းကိုပဲ ရှေ့တန်းတင်လို့ ရနိုင်ပါ့မလားဆိုတာကို ဟာသနဲ့ ဒရာမာရောပြီး တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း