Eden Lake
လက်ထပ်ဖို့ စဉ်းစားနေကြတဲ့ ချစ်သူနှစ်ယောက်ထဲက ကောင်လေးက ကောင်မလေးကို ရေကန်လိုဖြစ်နေတဲ့ ကျောက်ကျင်းတစ်ခုဆီ ခေါ်သွားပါတယ်။ ကောင်မလေး ရေဆင်းကူးနေချိန်မှာ မလှမ်းမကမ်းက အသက်ဆယ့်နှစ်နှစ်အရွယ် ကလေးတွေက ချောင်းကြည့်ပြီး နှောင့်ယှက်နေကြတယ်။ နောက်တော့ အဲဒီကလေးတွေက သူတို့ရဲ့ကားသော့ကိုပါ ယူပြေးသွားပါတယ်။ ကားသော့ပြန်ရဖို့ ကောင်လေးက ကြိုးစားရာကနေ ကလေးတွေနဲ့ ကတောက်ကဆ ဖြစ်လာတော့တယ်။ အဲဒီအငြင်းပွားမှုနောက်မှာ ချစ်သူနှစ်ယောက် ဘယ်လိုအန္တရာယ်တွေ ဆက်ကြုံရမလဲဆိုတာကို ရိုက်ကူးထားတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားပါ။ Kelly Reilly၊ Michael Fassbender နဲ့ Jack O’Connell တို့ ပါဝင်သရုပ်ဆောင်ထားပြီး ကလေးတွေနဲ့ ဖြစ်ပွားတဲ့ ပဋိပက္ခကို အကြမ်းဖက်မှုတွေပါဝင်တဲ့ ဇာတ်လမ်းအဖြစ် တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း