Oh Belinda
ဒီလာရာဟာ တူရကီမှာ လူချစ်လူခင်များတဲ့ အောင်မြင်သော သရုပ်ဆောင်မင်းသမီးတစ်ယောက်ပါ။ အလုပ်အကိုင်နဲ့ နေထိုင်မှုဘဝ အစစအရာရာ အဆင်ပြေနေတဲ့သူဟာ ခေါင်းလျှော်ရည်ကြော်ငြာတစ်ခုကို လက်ခံရိုက်ကူးရာကနေ မထင်မှတ်တဲ့ အဖြစ်တစ်ခုနဲ့ ကြုံရပါတော့တယ်။ ခေါင်းလျှော်တဲ့အခန်း ရိုက်ပြီး မျက်လုံးဖွင့်လိုက်ချိန်မှာ သူက ဒီလာရာ မဟုတ်တော့ဘဲ ကြော်ငြာထဲက ဟန်ဒန် ဖြစ်နေပါတယ်။ ဟန်ဒန်ကတော့ အိမ်ထောင်ရှိပြီး ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ပါ။ ဒီကမ္ဘာမှာလည်း သူ့မူလဘဝက သိကျွမ်းသူတွေ ရှိနေကြပေမယ့် ဘယ်သူကမှ သူ့ကို ဒီလာရာအဖြစ် မမှတ်မိကြဘူး။ သူပြောသမျှကိုလည်း စိတ်မမှန်သူတစ်ယောက်လို ဝိုင်းကြည့်နေကြတယ်။ ဟန်ဒန်ရဲ့ မိသားစုကပါ သူ စိတ်ဖောက်သွားတယ်လို့ ထင်ပြီး စိတ်ကျန်းမာရေးဆေးရုံကို ပို့ဖို့ ပြင်လာကြပါတယ်။ နောက်တော့ ဒီအဖြစ်ဟာ သူ့အတွက် စမ်းသပ်မှုတစ်ခုလို့ ဒီလာရာ နားလည်သွားတယ်။ သရုပ်ဆောင်နေရင်း ဒီလောကထဲ ရောက်လာခဲ့တာမို့ ပြန်ထွက်နိုင်ဖို့လည်း သရုပ်ဆောင်ရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ဟန်ဒန်အစစ်ရဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ တစ်ခုပြီးတစ်ခု ပေါ်လာတဲ့အခါ အခြေအနေက ပိုရှုပ်ထွေးလာတယ်။ ဒီလာရာတစ်ယောက် သူ့ကမ္ဘာဆီ ပြန်ရောက်နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း