Super Machi
မီနာရှီက အိန္ဒိယနိုင်ငံက Infosys ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်ပါ။ သူချစ်မိနေတဲ့ ရာဂျူးကတော့ ဘားမှာ သီချင်းဆိုပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေတတ်တဲ့ သာမန်ကောင်လေးတစ်ယောက်ဖြစ်တယ်။ မီနာရှီက သူ့ဘဝအတွက် အလွန်အရေးကြီးတဲ့ အလုပ်တင်ပြမှုကိုတောင် လက်လွှတ်ပြီး ရာဂျူးရှိတဲ့နေရာကို သွားကာ သူ့နောက် တကောက်ကောက် လိုက်နေပါတယ်။ ရာဂျူးအတွက်တော့ မီနာရှီဟာ အခုမှတွေ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဘယ်သူမှန်းလည်း မသိ၊ ဘာကြောင့် သူ့ကိုချစ်တယ်ဆိုတာလည်း နားမလည်တဲ့အတွက် မီနာရှီရဲ့ အချစ်ကို ငြင်းလိုက်တယ်။ စကားနဲ့ငြင်းလို့ မရတဲ့အခါ အမျိုးမျိုး ဒုက္ခပေးပြီး ငြင်းပေမယ့် မီနာရှီကတော့ လက်မလျှော့သေးပါဘူး။ ဒီကြားထဲ မီနာရှီကို တစ်ဖက်သတ် သဘောကျနေတဲ့သူ ရှိနေပြန်တော့ သုံးပွင့်ဆိုင်အချစ်ရေး ဖြစ်လာပါတယ်။ အလုပ်မှာ အောင်မြင်နေတဲ့ မီနာရှီက ရာဂျူးကို ဒီလောက်စွဲစွဲလမ်းလမ်း ချစ်နေရတဲ့ အကြောင်းက ဘာလဲ။ ရာဂျူး ခါးခါးသီးသီး ငြင်းနေတာရဲ့နောက်မှာရော အကြောင်းတစ်ခုခု ရှိနေမလား၊ ဒီသုံးယောက်ရဲ့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ။ Kalyaan Dhev နဲ့ Rachita Ram တို့ အဓိကသရုပ်ဆောင်ထားတဲ့ အချစ်ဟာသဒရာမာဖြစ်ပြီး အဓိကဇာတ်ကောင်တွေအပြင် အရန်ဇာတ်ကောင်တွေရဲ့ စကားအပြောအဆိုတွေကိုလည်း အသားပေးထားပါတယ်။
ဇာတ်လမ်းအကြောင်း